မော်လမြိုင်တွင် ဆိုင်ကယ်ဖြင့် လမ်းတားတုံးကိုဝင်တိုက် အမျိုးသားတစ်ဦး သေဆုံး

မော်လမြိုင်၊ ဧပြီ ၁၄

မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့၊ သံလွင်တံတား၊ ချောင်းဆုံ၊ ကညှော်ကျေးရွာဘက် သွားလမ်းပေါ်ရှိ လမ်းတားတုံးကိုဝင်တိုက်မိပြီး ဆိုင်ကယ်​မောင်းနှင်းသူ အမျိုးသားတစ်ဦး ဧပြီ ၁၄ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်က ​ဆေးရုံအ​ရောက်၌ ​သေဆုံးသွား​ကြောင်း သိရသည်။

“ လမ်းတံတားကို ဆိုင်ကယ်နဲ့ဝင်တိုက်မိတာလို့ ပတ်ဝန်းကျင်က ​ပြောကြတယ်။ ဆိုင်ကယ်​မောင်းသူက အရှိန်ပြင်းတယ်ထင်တယ်။ ဘိုဘိုဝင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးကို အချိန်မီပို့​ဆောင်​ပေမယ့် ​ဆေးရုံအ​ရောက်မှာပဲ ​သေဆုံးသွားပါတယ်။” ဟု အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ လမ်းတံတားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသားကို ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့​သော်လည်း ​ဆေးရုံအ​ရောက်တွင် ကွယ်လွန်သွား​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ဘိုဘိုဝင်းလူမှုကူညီ​ရေးအသင်း

မော်လမြိုင်တွင် ဆိုင်ကယ်ဖြင့် လမ်းတားတုံးကိုဝင်တိုက် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.