မော်တင်စွန်းဘုရားအနီး ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၁၆၇ ဦးနှင့် လှေလုပ်သား ၁၀ ဦးကို ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၃

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်တင်စေတီ၏ အနောက်မြောက်ဘက် ပင်လယ်ပြင်တွင် ယမန်နေ့က စက်လှေနှစ်စီးပေါ်မှ ရိုဟင်ဂျာ ၁၆၇ ဦးနှင့် ခေါ်ဆောင်လာသူ လှေလုပ်သား ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၂ ရက်၊ နံနက် ၈ နာရီခန့်က စစ်ရေယာဉ်-၅၅၃ မှ တိုက်ကင်းလှည့် လည်ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် စက်လှေနှစ်စီးကို စစ်ဆေးရာမှ စက်လှေပေါ်၌ တင်ဆောင်လာ သည့် ရိုဟင်ဂျာ၊ ကျား ၈၀ ဦး၊ မ ၈၇ ဦးနှင့် ၎င်းတို့ကို ခေါ် ဆောင်လာသည့် လှေလုပ်သား ၁၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ စက်လှေနှစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ တရားမဝင်သယ်ဆောင်လာတာတွေ့လို့ ဖမ်းဆီးခဲ့တာပါ။ လှေလုပ်သားတွေကို အမှုဖွင့်စစ်ဆေးနေတယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရိုဟင်ဂျာများနှင့် လှေလုပ်သားများအား ကမ်းထိုးစစ်ရေယာဉ်-၁၇၀၃ ဖြင့် ဟိုင်း ကြီးကျွန်းမြို့မှ ငပုတောမြို့သို့ ခေါ်ဆောင်လာပြီး လှေလုပ်သား ၁၀ ဦးတို့ကို မြို့ နယ်ရဲစခန်း အချုပ် တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရိုဟင်ဂျာ ၁၆၇ ဦးကို ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ရွှေမြကွင်းရပ်၊ မြတ်သုခလမ်းရှိ ကောင်းသန့်ရေသန့်ဂိုဒေါင်တွင် ထိန်းသိမ်းထားပြီး ၎င်းတို့ကို ငပုတောမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ရိုဟင်ဂျာ ကျား သုံးဦးနှင့် မ တစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ကောင်းသန့် ရေသန့်ဂိုဒေါင်ထဲတွင် သီးခြားထားရှိပြီး ကျန်းမာရေးဝန်ထမ်းများက ရောဂါကုသမှုဆောင်ရွက်ပေးနေကြောင်း သိရသည်။

တရားမဝင် လာရောက်သည့် ရိုဟင်ဂျာများကို သယ်ဆောင်လာသည့် စက်လှေ နှစ်စီးပေါ်မှ လှေလုပ်သား ၁၀ ဦးတို့ကို အမှုဖွင့်အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ရိုဟင်ဂျာများပါဝင်သော စက်လှေအား ဖမ်းဆီးပြီးနောက် သယ် ဆောင်လာသူများအား အမှုဖွင့်အရေးယူခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မော်တင်စွန်းဘုရားအနီး ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၁၆၇ ဦးနှင့် လှေလုပ်သား ၁၀ ဦးကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.