မောင်တော၊ သြဂုတ် ၁၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရချောင်းဝနှင့် မှိုဝင်ချောင်းဝကြားတွင် အမျိုးသမီးနှစ်ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦးကို သက်ဆိုင်ရာမှဖမ်းဆီး ခဲ့ကြောင်း ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
အဆိုပါ ရိုဟင်ဂျာ ၂၈ ဦးကို သြဂုတ် ၁၄ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် သတင်းအရနယ်ခြားစောင့်တပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” သက်ဆိုင်ရာဘက်ကတော့ ရိုဟင်ဂျာတွေ တရားမဝင် ဝင်ရောက်လာတာကို သတင်းရတဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်တာတွေ့ရတယ်။ ရိုဟင်ဂျာတွေက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခအမျိုးမျိုးခံစားနေရတာ။ ဒါ့ကြောင့် သူတို့ရဲ့ မူလနေရပ်ကို ပြန်လာတဲ့သဘောပါ။ အခုလိုအဖမ်းခံရတော့ လိုရာခရီးမရောက်တဲ့ အ ခြေအနေဖြစ်နေတာ။” ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ရိုဟင်ဂျာ ၂၈ ဦးသည် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ပြီး ဖမ်းဆီးခံရသည့်ရိုဟင်ဂျာများကို အမှုဖွင့်တရားစွဲနိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၄ ရက်က၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရနှင့် ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် အသက်မပြည့်သေးသည့် ရိုဟင်ဂျာ ၇၂ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
မောင်တောမြို့၌ ရိုဟင်ဂျာအမျိုးသမီးနှစ်ဦးအပါအဝင် ရိုဟင်ဂျာ ၂၈ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်