မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှုကြောင့် မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံခဲ့ရဟု မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ ဆို

မီဇိုရမ်၊ ဖေဖော်ဝါရီ ၆

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်အတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းသောမြန်မာနိုင်ငံသား ၅၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ပြီးခဲ့သောနှစ်အတွင်း မူးယစ်ဆေးဝါးများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းခဲ့သော လူပေါင်း ၃၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၅၅ ဦးပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မိဇိုရမ်ပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှုပေါင်း ၂၇၃ မှုဖြစ်ပွားခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ မူးယစ်ဆေးဝါးအမှုနဲ့ဆက်နွယ်ပြီး လူပေါင်း ၃၈၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီဖမ်းဆီးရမိသူတွေထဲက ၅၅ ဦးက မြန်မာနိုင်ငံသားတွေဖြစ်တယ်။” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့သည် ပြီးခဲ့သောနှစ်အတွင်း ပြည်နယ်အတွင်းသို့ တရားမဝင်တင်သွင်းရန် ကြိုးပမ်းခဲ့သော မူးယစ်ဆေးဝါးများထဲမှ ဟီရိုအင်း ၆၈ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၁၅၄ ကီလိုဂရမ်နှင့် ဆေးခြောက် ၁၁၂ ဒသမ ၉ ကီလိုဂရမ်အပါအဝင် အမေရိကန်ဒေါ်လာ ၂၃၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ နေရပ်စွန့်ခွာနေထိုင်မှု အများဆုံးပြုလုပ်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း မိုင်ပေါင်း ၁၀၂၁ မိုင်ထိစပ်နေပြီး အိန္ဒိယအရှေ့မြောက်ဒေသများက မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

indiatimes.com

မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှုကြောင့် မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံခဲ့ရဟု မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.