မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းအနီး တိုက်ပွဲများကြောင့် ကုန်ကားအချို့ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် အဓိကကုန်သွယ်မှုပြုလုပ်နေသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်း၏ ကားဝန်းအတွင်းသို့ ယမန်နေ့ ညပိုင်းu လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကုန်ကားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရ သည်။

“ လက်နက်ကြီးကျည် သုံးလုံးကျတဲ့ အသံကြားလိုက်တယ်။ မနေ့ကည ၉ နာရီ လောက်ကဖြစ်တာ။ ဘယ်ကပစ်လဲတော့ မသိဘူး။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညပိုင်းက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကားဝန်းအတွင်းရှိ ယာဉ်အချို့နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့‌ခြင်းဖြစ်သည်။

“ ကုန်ကားတွေ အကုန်ပျက်စီးကုန်တယ်။ ထိခိုက်ဆုံးရှုံးမှုတွေရှိတာပေါ့။ ဘာမှလုပ်လို့လည်းမရဘူး။ တိုက်ပွဲကလည်း တစ်နေ့တစ်နေ့ ပိုဆိုးလာတယ်။” ဟု နယ်စပ်ကုန်သည် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်၊ နံနက်ပိုင်းကလည်း မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီးရှိ ဆဲဗင်းဟွာ့ကျင့်ကုမ္ပဏီပိုင် ကားဝန်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်တင်ယာဉ်အစီးရေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် တရုတ်မှ သွင်းကုန်များတင်ဆောင်ထားသည့် ကုန်တင်ယာဉ်အစီးရေ ၁၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူသုံးကုန်၊ အိမ်သုံးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ သိန်းပေါင်းသောင်းနှင့်ချီကာ ဆုံးရှုံးခဲ့ရကြောင်း ကုန်သည်များက ဆိုသည်။

#စုစု

ဓာတ်ပုံ – ဇေယျာထွန်းကို

#ယနေ့ခေတ်

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းအနီး တိုက်ပွဲများကြောင့် ကုန်ကားအချို့ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.