ရန်ကုန်၊ နိုဝင်ဘာ ၂၂
မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး၏ပေါင်တွင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နိုဝင်ဘာလ ၂၂ ရက်၊ ၁၁ နာရီ ၄၉ မိနစ်ခန့်က မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန်အနီးရှိ အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမင်္ဂလကျောင်းတိုက်အတွင်း လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်းရှိနေသည့် ကိုရင်ကြီးတစ်ပါး၏ ပေါင်ကိုထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကိုရင်ကြီးက ကျောင်းဝင်းထဲမှာ ဒီအတိုင်းနေနေတာ။ နှစ်ထပ်ဆောင်နားကို လက်နက်ကြီးကျည်ကျလာပြီး ကျည်စက ပေါင်ကိုမှန်သွားတယ်။ ကိုရင်ကြီးက အသက် ၃၀ ဝန်းကျင် လောက်ရှိမယ်။ အခုတော့ မူဆယ်ဆေးရုံကို ပို့ထားပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ဆောင်နှင့်ကပ်လျက် အဆောင်နှင့် မော်တော်ယာဉ်တစ်စီး လုံး ဝပျက်စီးသွားခဲ့၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက မူဆယ်မြို့၊ နမ့်တောင်းကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အ သက် ၈၀ အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မူဆယ်မြို့အနီးတ ဝိုက်တွင် အလားတူဖြစ်စဉ်များကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ၅ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မူဆယ် ၁၀၅ မိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ကြီးတစ်ပါး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်