ရန်ကုန်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အမှိုက်ပုံတစ်ခုတွင် အမျိုးသားနှစ်ဦး၊ အမျိူးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းဝင် တစ်ဦ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မူဆယ်မြို့နယ်၊ ကျင့်စန်ကျော့သွားသည့်လမ်း ဟိုနောင်းရွာထိပ် အမှိုက်ပုံ၌ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးကို ပလစတစ်အိတ်များနှင့် ထုတ် ထားပြီး ကြိုးများနှင့်တုတ်ထားသည့် ရုပ်အလောင်းသုံးလောင်းတွေ့ရှိကြောင်း မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ကို ရဲကဖုန်းဆက်ခေါ်တာ။ အလောင်းသုံးလောင်းတွေ့လို့ ကူညီပေးပါဦးဆိုပြီးပြောတာ။ ဟိုရောက်တော့ အလောင်းတွေက ကြိုးတွေနဲ့တုတ်ထားတာ။ ယောင်္ကျားနှစ် ယောက်။ မိန်းကလေးတစ်ယောက် တွေ့တယ်။ အဲ့တော့မှ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းကိုလည်း အကြောင်းကြားလိုက်တာ။ ဒီမှာတော့ အလောင်းသုံးလောင်းတွေ့တယ်။ ပုတ်ပွနေပြီ၊ ဒဏ်ရာတွေနဲ့ ဆိုပြီး အကြောင်းကြားလိုက်တာ။” ဟု မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းဝင်တစ်ဦးမှ ယနေ့ခတ်သို့ ပြောသည်။
သေဆုံးသူသုံးဦးတွင် အမျိုးသားနှစ်ဦးမှာ သားဖနှစ်ဦးဖြစ်ကြောင်း၊ အမျိုးသမီးမှာ ၎င်းတို့၏အိမ်တွင် စာရေးမအလုပ်လုပ်ကိုင်ပြီး အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ပျောက် ဆုံးနေခြင်းဖြစ်ကြောင်း မြင့်မြတ်ပါရမီ ပရဟိတအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့တွေ့တော့ သုံးယောက်လုံးက ပုံပျက်နေပြီး တစ်ချို့နေရာတွေဆို အရိုးတွေပဲကျန်တော့တယ်။ သူတို့ပျောက်နေတာ ၁၁ ရက်နေ့ထဲကလို့တော့ပြောတယ်။ အဖေဖြစ် တဲ့သူက ၅၀ ကျော်လောက်။ သားဖြစ်သူက ၃၀ ကျော်လောက်။ စာရေးမလေးကတော့ ၂၀ ကျော်တော့ရှိမယ်။ ကျွန်တော်တို့ ခန့်မှန်းရသလောက်ပေါ့နော်။ ကျွန်တော်လည်း မူ ဆယ်ဆေးရုံအထိ သူတိုကိုသေချာထုတ်ပြီး သယ်သွားရတယ်။” ဟု မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေးဆုံးသူသုံးဦး၏ ရုပ်အလောင်းအား လက်ဖက်ညွန့် လူမှုကူညီရေးအသင်းနှင့် မြင်မြတ်ပါရမီ လူမှုကူညီရေးအသင်းတို့မှ မူဆယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- လက်ဖက်ညွန့် လူမှုကူညီရေးအသင်း
မူဆယ်မြို့ အမှိုက်ပုံတစ်ခု၌ သေဆုံးနေသူသုံးဦး တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်