မူဆယ်မြို့ လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းထဲ ဒရော့ဗုံးကျ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရှမ်ပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တဝိုက် တိုက်ပွဲများဖြစ်ပွားနေပြီး (တွင်လွယ်တိန်ခမ်း)တောင်ပေါ်ရှိ ဘုန်ကြီးကျောင်းတစ်ကျောင်းအတွင်းသို့ ဒရော့ဗုံးများကျကာ ဘုန်ကြီးကျောင်းအတွင်းရှိ နေရာအချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က မူဆယ် ၁၀၅ မိုင်တဝိုက်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး တွင်လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဟိုမွန်ရပ်ကွက်မှ ဘုန်ကြီးကျောင်းရှိ သုဝဏ္ဏမိဂဒါ မဟာစေတီအတွင်းထဲသို့ ဒရော့ဗုံး ခုနှစ်လုံးကျကာ နေရာအချို့ပျက်သွားစီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ပြောကြာချက်အရ သိရသည်။

“ဒီနေ့ ၁၁ နာရီလောက်က ကျတာ။ ဘုန်းကြီးကျောင်းထဲကို။ ဒရော့ဗုံးက ခုနှစ်လုံးရှိတယ်လို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ပျက်စီးဆုံးရှုံးတာလဲ ရှိတာပေါ့နော်။ တောင်ပေါ် က ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတယ်ထင်ပြီး ပစ်တာလဲ နေမယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

နိုဝင်ဘာ ၁၉ ရက်ကနေ့ကလည်း နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်ရှိ နန္ဒဂုဏ်ရည် ပရိယတ္တိစာသင်တိုက်အနီး၌ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲ၍ ကျောင်းဆောင်နှင့် သိမ်ကျောင်းပြတင်းပေါက်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများ‌ဖော်ဆောင်နေရာ အဆိုပါဒေသများ တွင် တိုက်ပွဲများကြောင့် လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးဆုံးရှုံခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကမ်းလက်လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

မူဆယ်မြို့ လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းထဲ ဒရော့ဗုံးကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.