မူဆယ်မြို့အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံပြည်သူများ အခက်ကြုံ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရှမ်ပြည်မြောက်ပိုင်း မူဆယ်မြို့ကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက အပြင်ဘက်မှ ပိတ်ဆို့ထားခြင်းကြောင့် မြို့တွင်းမှပြည်သူများ ပိတ်မိနေသည်မှာ လေးရက်ခန့်ကြာပြီဖြစ် ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် လေးရက်ခန့်မှစ၍ မူဆယ်မြို့ပြင်ပတ်လည်တွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ ပိတ်ဆို့ထားမှု့ကြောင့် သွားလာရခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“၁၀၅ မိုင်ဘက်ဆိုလည်း သွားလို့မရဘူး။ လမ်းဆိုလည်း ထွက်လို့မရဘူး။ ထွက်တာနဲ့ ပစ်မှာဆိုးလို့။ လာလှူတဲ့သူတွေလည်း မလာရဲ။ အခုက ကြက်ခြေနီအသင်းကားတွေကအစ ပစ်ခံနေရတာဆိုတော့ ဘယ်သူမှကိုမထွက်ရဲတာ။ စစ်ဘေးရှောင်တွေလည်း အဝင်အထွက်လုပ်မရနဲ့။ ဘာမှကို လုပ်မရဘူး။ မထွက်ရတာ လေးရက်၊ ငါးရက်လောက်ကြာပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် မူဆယ်မြို့အတွင်းတွင် စစ်ဘေးရှောင် ပြည်သူများ ၅၀၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။

“အခုဆိုရင် စစ်ဘေးရှောင်တွေလဲ ဒီဘက်က်ုလာလို့မရ။ စစ်ဘေးရှောင်တွေက မူဆယ်မြို့အတွင်းထဲမှာ ခွဲပြီးနေကြတယ်။ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်း၊ ဓမ္မာရုံတို့၊ အိမ် နီးချင်းအိမ်တွေမှာ နေကြရတာပေါ့။ ကြူကုတ်၊ ပန်ဆိုင်း၊ ၁၀၅မိုင် အဲ့နေရာတွေမှာဆို ပိုများတယ်။ စုစုပေါင်းဆို ၅၀၀၀ ကျော်လောက်တော့ရှိမယ်။ အခုဆိုရင် စစ်ဘေးရှောင် တွေအတွက် လာလှူမယ့်ကားတောင် လာလို့မရဖြစ်နေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒီဇင်ဘာ ၅ ရက်နေကလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကမ်းလက်လူမှုကူညီရေးအသင်း

မူဆယ်မြို့အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံပြည်သူများ အခက်ကြုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.