မူဆယ်မြို့တွင် UID (စမတ်ကတ်)၊ မှတ်ပုံတင်နှင့် စာအုပ်အနီအတုများ လုပ်ပေးသူသုံးဦးဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့ မူဆယ်နယ်စပ်ဖြတ်သန်းသွားလာရန်၊ UID (စမတ်ကတ်)၊ မှတ်ပုံတင်နှင့် စာအုပ်အနီအတုများ လုပ်ဆောင်ပေးသူသုံးဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မေ ၅ ရက်နေ့က မူဆယ်မြို့၊ မူဆယ်နယ်စပ် ဖြတ်သန်းသွားလာရန် UID (စမတ်ကတ်) အတု ခုနှစ်ကတ်နှင့် စာအုပ်အနီအတု သုံးအုပ်လုပ်ဆောင်ပေးသူ အမျိုးသားနှစ်ဦး၊ အမျိုးသ မီးတစ်ဦးတို့ကို လဝကမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ မူဆယ်နယ်စပ် UID ကတ်အတုလုပ်တာ မှတ်ပုံတင်နဲ့ စာအုပ်နီအတုလုပ်ပြီး ရောင်းစားနေတဲ့သုံးယောက်ကိုတော့မိသွားပြီ။ အကောင့်တုတွေနဲ့ Fb မှာ တင်တာကိုတွေ့ပြီး တကယ် လိုအပ်တဲ့သူတွေက အလုပ်အပ်တာပေါ့။ ပြည်သူကတော့ ငွေဆုံးတာပေါ့။ မှတ်ပုံတင်အတုနဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်အနီကို ၇၅ သိန်းပေးပြီးလုပ်တာ။ လူလိမ်တွေက ယုံကြည်အောင်ပြောပြီး လိမ်တာကို။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ်စပ်ကို ဖြတ်သန်းသွားလာမည့် ခရီးသွားအချို့အား တရုတ်နပ်စပ်စစ်‌ဆေးရေးဂိတ်တွင် ကတ်အတုများနှင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

UID (စမတ်ကဒ်) မှတ်ပုံတင်နှင့် စာအုပ်အနီအတုများ လုပ်ပေးသူသုံးဦးကို လဝကရုံးမှဖမ်းစီးကာ ယနေ့အချိန်ထိ ‌စစ်ဆေး‌နေကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-MOI

ယနေ့ခေတ်

မူဆယ်မြို့တွင် UID (စမတ်ကတ်)၊ မှတ်ပုံတင်နှင့် စာအုပ်အနီအတုများ လုပ်ပေးသူသုံးဦးဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.