မူဆယ်တွင် စက်သုံးဆီအခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှ တင်သွင်းခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၅

မူဆယ်တွင် စက်သုံးဆီအခက်အခဲရှိသည့်အတွက် ပြည်တွင်းကုမ္ပဏီ ၃ ခုကို တရုတ်နိုင်ငံမှ တင်သွင်းခွင့်ပြုထားကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရ သည်။

ပြီးခဲ့သည့် ဩဂုတ်လက စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

“ စက်သုံးဆီအခက်အခဲကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ သွားနေကြတာပါပဲ။ မူဆယ်မှာ စက်သုံးဆီအခက်အခဲရှိတာ တော့ မှန်ပါတယ်။ အခု တရုတ်နိုင်ငံကနေ တင်သွင်းဖို့လုပ်နေတယ်။ ကုမ္ပဏီသုံးခုကို ခွင့်ပြုထားပြီးပြီ။ ဘယ်နေ့တင်သွင်းမလဲဆိုတာကိုတော့ အတိအကျမသိရသေးဘူး” ဟု မူ ဆယ် ဆန်စပါးကုန်စည်ဒိုင်ဥက္ကဌ ဦးမင်းသိမ်းက ပြောသည်။

ယနေ့ ရန်ကုန် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၂၉၅ ကျပ်၊ ၉၅ တစ်လီ တာ ၂၄၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့် ရေထွက်ပစ္စည်းများကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းကြောင်း သိရသည်။

စုစု

ဓာတ်ပုံ-စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

#ယနေ့ခေတ်

မူဆယ်တွင် စက်သုံးဆီအခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှ တင်သွင်းခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.