ရန်ကုန်၊ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ၁၀၅ မိုင်တွင် ကျွဲခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး၊ ၁၉ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၂ ရက်၊ ညနေပိုင်းက မူဆယ်မြို့(၁၀၅)မိုင် မိုင်းယုကျေးရွာအတွင်း ကျွဲခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ ၁၉ ဦးအနက် ခြောက်ဦးပြင်ထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတာ အယောက် ၂၀။ အမျိုးသမီးတစ်ယောက်က ကျွဲခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကွတ်ခိုင်ဆေးရုံမှာ ဆုံးသွားတယ်။ အသက်က ၅၀ ကျော်ပြီ။ ခြောက်ယောက်က ဒဏ် ရာပြင်းတယ်။ လောလောဆယ် စိုးရိမ်ရတဲ့လူနာတော့ ထပ်မကြားရသေးဘူး။ ကျွဲကိုတော့ ပူးပေါင်းအဖွဲ့တွေက ဖမ်းတယ်လို့ သိရတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ကျွဲခတ်ခံရမှုကြောင့် သေဆုံးသူအမျိုးသမီးကို ကွတ်ခိုင်ဆေးရုံမှ နေအိမ်သို့ပို့ဆောင်းပေးပြီး၊ ဒဏ်ရာရရှိသူများကို ကွတ်ခိုင်ဆေးရုံကြီးသို့ပို့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျွဲကို လက်ရောက်ဖမ်းစီးရန် ခက်ခဲသည့်အတွက် ပစ်ခတ်ဖစ်စီးခဲ့ရာ ကျွဲမှသေးဆုံးသွားခဲ့ကြောင်း သတင်းဌာနအချို့တွင် ဖော်ပြထားချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
မူဆယ်တွင် ကျွဲခတ်ခံရခြင်းကြောင့် တစ်ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်