မုဒုံမြို့တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၂၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မော်လမြိုင်၊ မုဒုံမြို့နယ်တွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ၃၂ ဦးအနက်၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်ခန့်က မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီး၊ လက်တက်ကျေးရွာ၊ ထိုင်တော်မူဘုရားအနီးတွင် ဘုရားဖူးယာဉ်တစ်စီး လမ်းချော်၍ တိမ်းမှောက်ခဲ့ပြီး က လေးများအပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ ကားကလမ်းချော်ပြီး တိမ်းမှောက်သွားတာပါ။ ဘုရားဖူးလာတဲ့ကားပဲ။ ကမာဝက်ဘုရားဖူးပြီးပြန်လာကြတာ။ ကားပေါ်မှာ ၃၂ ယောက်ပါတယ်။ ကလေးက ၁၅ ယောက်လောက်ပါတယ်။ ဒဏ်ရာရှိတာ ၂၅ ယောက်လောက်ရှိတယ်။ ပြင်းထန်ဒဏ်ရာရတာက ၁၀ ဦးလောက်ရှိမယ်ဗျ။ ကလေး ၅ ယောက် ထိခိုက်မှုရှိတယ်။ ကားသမားကတော့ စိုးရိမ်ရတဲ့အခြေအ နေပါပဲ။ ကားက Hijet အမျိုးစားပါ။” ဟု ဒေခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဒဏ်ရာရရှိသူများကို ဒေသအတွင်းရှိ လူမှုကူညီရေးအသင်းအချို့တို့ ပူးပေါင်းကာ မော်လမြိုင်ဆေးရုံကြီးနှင့် ကမာဝက်ဆေးရုံကြီး သို့‌ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

ယနေ့ခေတ်

မုဒုံမြို့တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၂၅ ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.