မီးလာချိန်နည်း​သော​ကြောင့် ​အထည်ချုပ်လုပ်ငန်းရှင်များ ရှေ့ဆက်ရန်ခက်ခဲနေ ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးလုပ်ကိုင်လျက်ရှိ​သော အထည်ချုပ်လုပ်ငန်းရှင်များက မီးပြတ်​တောက်ချိန် များလာ​သော​ကြောင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံ​တွေ့​နေရပြီး ​ရှေ့ဆက်ရန်စဥ်းစားရ​မည်ဟု လှိုင်သာယာမြို့နယ်ရှိ AH Nan အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ အခု​လို ​နွေရာသီကာလမှာ အထည်ချုပ်မှာယူသူဦး​ရေများတယ်။ ဒီလိုအချိန်မှာ မီးပြတ်​တောက်ချိန်က ပိုမိုများပြားလာတာ​ကြောင့် ဒီမှာဆက်ပြီး လုပ်ငန်းဆက်ရပ်တည်ဖို့ စဥ်းစားဖို့ လိုလာပါပြီ။ အခုနှစ်မှာ မီးပြတ်​တောက်ချိန် အရမ်းများလာတယ်။ ဒီစက်ရုံမှာ မှီခိုလုပ်ကိုင်​နေတဲ့ အထည်ချုပ်ဝန်ထမ်း​တွေရဲ့ စားဝတ်​နေ​ရေးနဲ့ အလုပ်လက်မဲ့ကိစ္စ​တွေလဲ စဥ်းစား​နေရပါတယ်။” ဟု AH Nan အထည်ချုပ်စက်ရုံပိုင်ရှင်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အလားတူ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)ရှိ Pertty Fashion အထည်ချုပ်စက်ရုံတွင် စက်ရုံလုပ်သား ၁၀၀၀ ​ကျော်ရှိပြီး ​မော်တာစက်ဖြင့် အထည်ချုပ်ရခြင်း​ဖြစ်​ရာ လျှပ်စစ်မီးအခက်အခဲကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

“ ကျွန်မတို့ ဒီစက်ရုံမှာက ​မော်တာချုပ်များတယ်။ အခုလို မီးပြတ်ချိန်များလာ​တော့ မီးစက်နှိုးလုပ်ရတယ်။ အခုလို မီးပြတ်​တောက်ချိန်က များလာ​တော့ လုပ်ငန်းရှင်​တွေအ​နေနဲ့လည်း လုပ်သား ၁၀၀၀ ​ကျော်ကို ငဲ့ရတာတစ်မျိုးနဲ့ အရှုံးကြီးရှုံး​နေတယ်။ ​ရှေ့ဆက်ရမယ့်ကိစ္စ​တော့ လုပ်ငန်းရှင်​တွေက ဘယ်လိုဆုံးဖြတ်မလဲ မ​တွေးရဲပါဘူး။” ဟု စက်မှုဇုန်(၁)ရှိ Pertty Fashion အထည်ချုပ်စက်ရုံမှ မန်​နေဂျာတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီတစ်​ပေပါလျှင် ကျပ် ၆၅၀,၀၀၀ အထိရှိ​နေပြီး၊ တစ်​နေ့လျှင် စက်ရုံတစ်ရုံ တစ်​ပေပါခွဲမှ နှစ်​ပေပါအထိ မီးစက်အတွက် အသုံးပြုရလျက်ရှိ​ကြောင်း Pertty Fashion အထည်ချုပ်စက်ရုံမှ သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့က အထည်ချုပ်လုပ်ငန်းရှင်အများစု ဝင်​ရောက်လုပ်ကိုင်လျက်ရှိ​ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်း​ဒေသကြီးအပါအဝင် ပြည်နယ်နှင့် တိုင်း​ဒေသကြီးအချိူ့တွင် ယခု ၂၀၂၄ ခုနှစ်မှစတင်ပြီး မီးပြတ်​တောက်မှု ပိုမိုများပြားလာ​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်
ဓာတ်ပုံ – CJ

မီးလာချိန်နည်း​သော​ကြောင့် ​အထည်ချုပ်လုပ်ငန်းရှင်များ ရှေ့ဆက်ရန်ခက်ခဲနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.