ရန်ကုန်၊ ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာနှင့် ကွတ်ခိုင်မြို့နယ်ကြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းများပျက်စီးကာ ကားအစီးရေ ၁ဝဝ ထက်မနည်း ပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်မှ ယနေ့အထိ အဆက်မပြတ်ရွာနေသည့်မိုးကြောင့် လမ်းပိုင်းယိုယွင်းပျက်စီးမှုဖြစ်ပေါ်နေကာ ကုန်တင်ကားများအပါအဝင် ကားအစီးရေ ၁၀၀ ထက်မနည်း ပိတ်မိနေကြောင်း ကားသမားတစ်ဦးက ပြောသည်။
“ကွတ်ခိုင်မြို့နဲ့ မိုင်းရင်လမ်းကြား၊ မိုင်းရင်ကျေးရွာအကျော်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းချော်ပြီး ကားတွေပိတ်နေတာ။ ကုန်ကားတွေအပါအဝင် ကားတွေမနည်းဘူး။ အရေးပေါ်ကိစ္စမရှိရင် အခုရက်ပိုင်းထဲ ဒီလမ်းကနေမသွားတာ အကောင်းဆုံးပဲ။” ဟု အထက်ပါယာဉ်မောင်းက ပြောသည်။
အဆိုပါလမ်းပေါ်တွင် ကားများပိတ်မိမှုနေခြင်းကြောင့် လူနာတင်တင်အရးပေါ်ကားများကို ဒေသခံများ၊ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များကဝိုင်းဆွဲပြီး သွားလာနေရ ကြောင်း ဒေသခံ ပရဟိအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သော ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်တည်းက လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဒေသခံများသည် တောလမ်းကိုအဓိကအသုံးပြုနေရဆဲဖြစ်သည်ဟု ဆိုသည်။
ခန့်ခန့်
ဓာတ်ပုံ- မေတ္တာပန်းခင်း
မိုးရွာသွန်းမှုကြောင့် မိုင်းရင်ကျေးရွာနှင့် ကွတ်ခိုင်ကြားတွင် လမ်းချော်နေရာ ကားအစီးရေ ၁ဝဝ ထက်မနည်း ပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်