မိုးမိတ်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၆၀ ကျော်သေဆုံးခဲ့ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရှမ်ပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲများဖြစ်‌ပွားမှုကြောင့် ဒေသအတွင်း စစ်ဘေးရှောင် ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်နေ့မှစ၍ မိုးမိတ်မြို့တွင် KIA နှင့် နစကတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသအတွင်း စစ်ဘေးရှောင် ၆၀ ကျော် မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

“ မိုးမိတ်မှာ စစ်ဘေးရှောင်တွေသေတာတော့ အတော်များတယ်ဗျ။ တစ်ချို့ကလည်း ၄၀ လို့ပြောတယ်။ တစ်ချို့ကလည်း ၆၀ လို့ပြောကြတယ်‌ဗျ။ မိုင်းနင်းမိပြီးသေတာများတယ်ဗျ။ တိုက်ပွဲစဖြစ်ထဲကသေတာ။ စစ်ဘေရှောင်ရင်းနဲ့ ဘုန်းကြီးကျောင်းရောက်မှ တစ်ယောက်သေသေးတယ်။ သူကိုထားတော့ ထားခဲ့ရတယ်။ မန္တလေးရောက်မှ ဆွမ်းသွတ်ပေးရတယ်။” ဟု စစ်ဘေးရှောင်များကူညီပေးနေသည့်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် ‌မိုးမိတ်မြို့မှ ဒေသခံစစ်ဘေးရှောင် ၁၀၀၀ ကျော် မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ စစ်ဘေးရှောင်တွေစာရင်းကို အတိအကျကောက်လို့တော့မရသေးဘူး။ လက်ရှိမ‌န္တလေးဘက်ကို စစ်ဘေးရှောင် ၁၀၀၀ ကျော်တော့ ‌သွားရှောင်နေရတယ်။ မန္တလေးက ဘုန်းကြီး ကျောင်း ရှစ်ကျောင်းမှာ စစ်ဘေးရှောင်နေရတာပေါ့။ မိုးမိတ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်အချို့ကိုလည်း စစ်ရှောင်နေရတဲ့သူတွေလည်းရှိတာပေါ့နော်။ စာရင်းကလတ်တလောကောက်လို့မရသေးတာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေမှစ၍ နှစ်ဖက်တိုက်ပွဲများကြောင့် မိုးမိတ်မြိုတွင် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၈ ရက်၊ ည ၈ နာရီကျော်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးမိတိမြို့၊ မြို့မဈေးအတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဈေးဆိုင်းများ၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ဓမ္မပါလ အရှင်စိန္တိတ

ယနေ့ခေတ်

မိုးမိတ်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၆၀ ကျော်သေဆုံးခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.