မိုးညှင်းရှိ နန်းမားဘူတာတွင် နှစ်ချီ၍ရပ်တန့်ထားသည့် ရထားတွဲများ မီးလောင်

ရန်ကုန်၊ မတ် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန်းမားဘူတာတွင် သုံးနှစ်ကျော်ခန့် ရပ်တန့်ထားသည့် ရထားတွဲများ ယမန်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်က မိုးညှင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ နန်းမားဘူတာတွင် ရပ်တန့်ထားသောရထားတွဲများ မီးလောင်ကျွမ်းခဲ့ကာ ရထားတွဲသုံးတွဲခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

“ ရထားတွဲတွေကနေ ရုတ်တရတ်ထလောင်တာ။ ဘာ့ကြောင့်လောင်တယ်ဆိုတာတော့ သေချာမသိရသေးဘူး။ အနီးမှာရှိတဲ့သူတွေ ဝိုင်းပြီးမီးငြိမ်းကြတာ ည ၇ နာရီလောက်မှာတော့ မီးငြိမ်းသွားတယ်။ အမြန်ရထားတွဲသုံးတွဲတော့ ပျက်စီးသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်းလည်း သိရသည်။

အဆိုပါ မီးလောင်ခဲ့သည့်ရထားတွဲများမှာ ယခင်က မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသောရထားများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက နိုင်ငံရေးပဋိပက္ခများကြောင့် ရထားခရီးစဉ်ရပ်ဆိုင်းထားစဉ် နန်းမားဘူတာတွင် ရပ်တန့်ထားသည့် ရထားတွဲများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရထားတွဲများ မီးလောင်မှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ- CJ

မိုးညှင်းရှိ နန်းမားဘူတာတွင် နှစ်ချီ၍ရပ်တန့်ထားသည့် ရထားတွဲများ မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.