မိုဇမ်ဘစ်နိုင်ငံ၏ အကျဉ်းထောင်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅၀၀ ထွက်ပြေးလွှတ်မြောက်

မာပူတို၊ ဒီဇင်ဘာ ၂၆

အာဖရိကတိုက်၊ မိုဇမ်ဘစ်နိုင်ငံ၏မြို့တော် မာပူတိုမြို့ရှိ အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများဖြစ်ပေါ်ကာ ထောင်ဖောက်ထွက်ပြေးခဲ့ကြရာ အကျဉ်းသား ၁၅၀၀ လွတ်မြောက်ခဲ့ပြီး၊ အကျဉ်းသားအနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုဇမ်ဘစ်နိုင်ငံတွင် ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများဖြစ်ပွားနေချိန်တွင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများဖြစ်လာခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူများက ထောင်ဖောက်ထွက်ပြေးမှုများသည် ဆန္ဒပြပွဲများနှင့် ဆက်နွယ်ခြင်းမရှိကြောင်း ပြောသည်။

ရဲချုပ် ဘာနာဒီနို ရာဖယ်က အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်သူများအနက်မ ၁၅၀ ကို ပြန်လည် ဖမ်းဆီးရမိထားကြောင်း ပြောသည်။

မိုဇစ်ဘမ်နိုင်ငံတွင် ပြီးခဲ့သောအောက်တိုဘာလကကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ဆက်နွယ်ပြီး မတည်ငြိမ်မှုများဖြစ်လာခဲ့ကာ ဆန္ဒပြပွဲများဖြစ်လာခဲ့ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် နိုင်ငံကိုနှစ်ပေါင်းများစွာကြာ တာဝန်ယူထားသော ဖရီလီမိုပါတီက ဆက်လက်အနိုင်ရခဲ့ပြီးနောက် အတိုက်ခံပါတီနှင့် အတိုက်ခံပါတီကိုထောက်ခံသူများက ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

မိုဇမ်ဘစ် ရဲချုပ် ရာဖယ်က “ မာပူတိုမြို့အကျဉ်းထောင်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့တယ်။ အနည်းဆုံး ၃၃ ဦးသေဆုံးပြီး၊ ၁၅ ဦးဒဏ်ရာရခဲ့တယ်။ သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး အတိအကျမသိသေးဘူး။” ဟု ပြောသည်။

တောင်အာဖရိက သတင်းဌာနတစ်ခုဖြစ်သော SABC က အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများသည် လုံခြုံရေးအဖွဲ့များကို ပြန်လည်တိုက်ခိုက်ပြီး လုံခြုံရေးအဖွဲ့များ၏ သေ နတ်များကို သိမ်းဆည်းရယူကာ အကျဉ်းထောင်မှလွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ကောင်းထက်ငွေ

aljazeera.com

မိုဇမ်ဘစ်နိုင်ငံ၏ အကျဉ်းထောင်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅၀၀ ထွက်ပြေးလွှတ်မြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.