ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံငါးဦးဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၁ နာရီကျော်ခန့်က ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံငါးဦးကိုထိမှန်ကာ ဒဏ်ရာများရှိခဲ့ပြီး၊ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ထဲကိုကျတော့ နေအိမ်တွေလည်း အတော်ပျက်စီးသွားတယ်။ ၁၀ လုံးတော့ကျော်မလားပဲ။ ထိခိုက်တဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့အထဲ အမျိုးသမီးကြီးတွေလည်းပါတယ်။ စုစုပေါင်းဆို လေး၊ ငါးယောက်တော့ဒဏ်ရာရတယ်။ ဒီနေ့မနက်ကမှဖြစ်တာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
မိုင်းငေါ့မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးဒဏ်ရာရ၊ နေအိမ် ၁၀ လုံးကျော်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်