မာရစ် ဆန်ဂိုင်ပွန်ဆာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ထိုင်းဘုရင်ခွင့်ပြု

ဘန်ကောက်၊ မေ ၂

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်နှင့်ရင်းနှီးသော သံတမန်ဟောင်းတစ်ဦးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်ရန် ထိုင်းဘုရင်က မေလ ၁ ရက်နေ့တွင် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါနုကာရာသည် ပြီးခဲ့သောရက်ပိုင်းတွင် ရုတ်တရက်နုတ်ထွက်သွားခဲ့ပြီးနောက် မာရစ် ဆန်ဂိုင်ပွန်ဆာကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်သည် ၎င်း၏အစိုးရအဖွဲ့ကို ပြင်ဆင်ပြောင်းလဲဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲများ စတင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

မာရစ် ဆန်ဂိုင်ပွန်ဆာသည် သြစတြေးလျ၊ ဖီဂျီနှင့် နီပေါနိုင်ငံများဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး လက်ရှိအချိန်တွင် Thanulux အမည်ရှိ ထိုင်းကုမ္မဏီတွင် ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူနေကာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူရန် ဘုတ်အဖွဲ့ရာထူးမှနုတ်ထွက်ခဲ့သည်။

ထိုင်းဘုရင်သည် မာရစ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ရန် အဆိုပြုမှုကို မေလ ၁ ရက်နေ့တွင် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ထိုင်းဘုရင်နန်းတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထိုင်းဘုရင်သည် မာရစ် ဆန်ဂိုင်ပွန်ဆာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မာရစ် ဆန်ဂိုင်ပွန်ဆာသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ရယူနိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းတွင် ၎င်းဘုတ်အဖွဲ့ဝင်တာဝန်ယူနေသည့် ကုမ္မဏီထံမှနုတ်ထွက်ခွင့်တောင်းဆိုခဲ့ပြီး ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် ထွက်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

bangkokpost.com

မာရစ် ဆန်ဂိုင်ပွန်ဆာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ထိုင်းဘုရင်ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.