မအူပင် ၊ မတ်လ ၄
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဆိုသည့် ဒေသခံ ၁၃ ဦးကို သက်ဆိုင်ရာကဖမ်းဆီးခံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဒေသခံ ၁၃ ဦးကို သက်ဆိုင်ရာကထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကိုချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းခံရသည့် ဒေသခံ ၁၃ ဦးတွင် အမျိုးသားလူငယ်များဆုံးဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ သက်ဆိုင်ရာက ကင်းလှည့်လာရင်း အပြင်မှာတွေ့တာနဲ့ ဖမ်းတာ။ ကလေးတွေက ည ၇ နာရီလောက်တောင် အပြင်မှာလက်ဖက်ရည်တောင် ထွက်မသောက်ရဲတဲ့ဘဝရောက်နေ တယ်။” ဟု ၎င်းက ဆက်ပြောသည်။
သက်ဆိုင်ရာက ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခဲ့သူများထဲတွင် အသက် ၂၀ ကျော် ရှစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် ငါးယောက်ဖြစ်ပြီး မအူပင်မြို့ပေါ်က ဒေသခံများ အများဆုံးပါဝင်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့်ဒေသခံများကို ရဲစခန်းမှာပင်ထိန်းသိမ်းထားပြီး ယင်းတို့ကို မည်သည့်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း မအူပင်မြို့နယ်တွင် ညမထွက်ရအမိန့်ကို မလိုက်နာသည်ဆိုသည့် အမျိုးသမီးငယ် သုံးဦးအပါအဝင် ဒေသခံ ကိုးဦးအထိ ဖမ်းဆီးခံခဲ့ရ သေးကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
မအူပင်မြို့နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း ညမထွက်ရအမိန့် ချိူးဖောက်သည်ဆိုသည့် ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်