မဟာသင်္ကြန်ရက်အတွင်း သွားနှင့်ခံတွင်းလူနာ ၄၀၃ ဦးကို အခမဲ့ကုသ​ပေး

ကျိုက်မရော၊ ဧပြီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဆု​တောင်းပြည့်ဘုရားကြီးရှိ သာသနာ့ဗိမာန်​တော်ကြီးတွင် ဧပြီ ၁၂ ရက်မှ ဧပြီ ၁၆ ရက်ထိ မဟာသင်္ကြန်ရက်များအတွင်း သွားနှင့်ခံတွင်းလူနာ ၄၀၃ ဦးကို အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

“ ဧပြီ ၁၂ ရက်က​နေ ဧပြီ ၁၆ ရက်ထိ ​​လေးရက်အတွင်းမှာ သွားနဲ့ခံတွင်း​​ရောဂါကို ​နေ့စဥ် နံနက် ၇ နာရီမှ ည​နေ ၄ နာရီထိ အခမဲ့စမ်းသပ်ကုသ​ပေးခဲ့ပါတယ်။ အထူးကုဆရာဝန်​တွေနဲ့ ကျန်းမာ​ရေးဝန်ထမ်း ၃၁ ဦး ပါဝင်​ဆေးကုသ​ပေးခဲ့ပါတယ်။” ဟု ကျိုက်မ​ရောမြို့နယ်၊ ကျန်းမာ​ရေး​စေတနာ့ဝန်ထမ်းတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ သွားနှင့်ခံတွင်း​ရောဂါလူနာများ သံဃာ​တော်၊ ဆရာ​လေး၊ သက်ကြီးနှင့် က​လေးငယ်အဆုံးလူနာ ၄၀၃ ဦးကို အခမဲ့စမ်းသပ်၍ ​ဆေးဝါးကုသ​ပေးပေးခဲ့​​ကြောင်း သိရသည်။

ကျိုက်မ​​ရောမြို့နယ်တွင်း အထူးကုဆရာဝန်းများ၊ ကျန်းမာ​ရေးဝန်ထမ်းများနှင့် ကျန်းမာ​ရေး​စေတနာ့ဝန်ထမ်းများက ကွင်းဆင်းကုသ​ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – ​ကျန်းမာ​ရေး​စေတနာ့ဝန်ထမ်း

မဟာသင်္ကြန်ရက်အတွင်း သွားနှင့်ခံတွင်းလူနာ ၄၀၃ ဦးကို အခမဲ့ကုသ​ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.