ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် သာသနာ့လိုင်စင်ယူထားသည့်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ယာဉ်မောင်းသူ တက္ကသိုလ်ကျောင်းသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ပြီး ကျောင်းသူတစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယနေ့လည်က မလှိုင်မြို့နယ်၊ မလှိုင်လမ်း တိုးဂိတ်အထွက်တွင် သာသနာ့လိုင်စင်ယူထားသည့်ကားက ယာဉ်လမ်းကြောင်းကျော်တက်မောင်းနှင်ရာမှ အရှိန်မထိန်းပဲ ဆိုင်ကယ်အားဝင်တိုက်၍ ဆိုင်ကယ်မောင်းနှင်သူ အသက် ၂၀ ကျော် တက္ကသိုလ်ကျောင်းသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ကျောင်းသူတစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

“ မလှိုင်ဘက်နေ မထ္ထီလာကို သူတို့ကအသွား။ ဘုန်းကြီးကားကလည်း မလှိုင်ကိုအသွား။ မှားတာတော့ ဘုန်းကြီးကားကမှားတာလို့သိရတယ်။ ဘုန်းကြီးကားက လမ်းကိုကျော်တက်တာ။ အဲ့မှာပဲ ဆိုင်ကယ်ကိုဝင်တိုက်တာ။ ဆိုင်ကယ်ကလွင့်ပြီး ချောက်ရှိတဲ့နေရာထိကျသွားတာ။ ဆိုင်ကယ်ပေါ်က တက္ကသိုလ်တက်နေတဲ့နှစ်ဦးမှာ အမျိုးသားတစ်ဦးသေသွားတယ်။ မိန်းကလေးကတော့ ဆေးရုံးကိုပို့ပေးထားပါတယ်။ သူတို့မိသားစုနဲ့လည်း အဆက်သွယ်အသွယ်ရပါပြီ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
သေးဆုံးသူကျောင်းသားကို ဝင်ဇင်းလူငယ် လူမှုကူညီရေးအသင်းမှ မထ္ထီလာပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဒဏ်ရာရှိသူကျောင်းသူကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
မလှိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား အဝေးသင်ကျောင်းသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်