မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ပြစ်ဒဏ်များမှ ထောင်ဒဏ် ၆ နှစ်လျော့ချပေးခဲ့ ဟုဆို

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၄

မလေးရှား လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့သည် အကျင့်ပျက်လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ထောင်ဒဏ် လျော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် အကျင့်ပျက်လာဘ်စားမှုများကျူးလွန်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ယင်းပြစ်ဒဏ်ကို ၆ နှစ်လျော့ပေါ့ပေး ခဲ့ကြောင်း သိရသည်။

မလေးရှားဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နာဂျစ်ရာဇက်၏ ပြစ်ဒဏ်ကို လျော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၇၀ အရွယ်ရှိ နာဂျစ်ရာဇက်သည် မလေးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြစ်သော 1Malaysia Development Berhad (1MDB) နှင့်ဆက်နွယ်ပြီး အကျင့်ပျက်လာဘ် စားခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် စွဲချက်တင်ခံရကာ ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

မလေးရှားလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့သည် နာဂျစ်ရာဇက်ကို ပြစ်ဒဏ်လျော့ပေါပေးခဲ့သော်လည်း နာဂျစ်ရာဇက်သည် ၂၀၂၈ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့အထိ ထောင် ဒဏ်ကျခံရမည်ဖြစ်သည်။

ထိုအပြင် မလေးရှားလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့သည် နာဂျစ်ရာဇက်၏ ပြစ်ဒဏ်ကိုလျော့ပေါ့ပေးသလို ငွေဒဏ်ကိုလည်းလျော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

မလေးရှားတရားရုံးသည် နာဂျစ်ရာဇက်ကို ငွေဒဏ်အဖြစ် မလေးရှားရင်းဂစ် သန်း ၂၁၀ ကျော်ပေးဆောင်ရန် ယခင်က အမိန့်ချမှတ်ခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က နာဂျစ်ရာဇက်၏ငွေဒဏ်ကို ရင်းဂစ်သန်း ၅၀ သာပေးဆောင်ရန် ပြောင်းလဲဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

နာဂျစ်ရာဇက်သည် ငွေဒဏ်ကိုပေးဆောင်ခြင်းမရှိပါက ထောင်ဒဏ်ကို ၂၀၂၉ ခုနှစ်၊ သြဂုတ် ၂၃ ရက်နေ့အထိ ကျခံရမည်ဟု မလေးရှားဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ပြစ်ဒဏ်များမှ ထောင်ဒဏ် ၆ နှစ်လျော့ချပေးခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.