မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးတိုက်မိ ရဟတ်ယာဉ်ပေါ်ပါသူအားလုံးသေဆုံး

ကွာလာလမ်ပူ၊ ဧပြီ ၂၃

မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးသည် ပီရက်ကပြည်နယ် Lumut ရေတပ်အခြေစိုက်စခန်းနားတွင် အချင်းချင်းတိုက်မိခဲ့ပြီးနောက် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ အမှုထမ်း ၁၀ ဦးစလုံးသေဆုံးသွားခဲ့ကြောင်း သိရသည်။

မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးသည် ရေတပ်စစ်ရေးပြအခမ်းနားအတွက် လေ့ကျင့်ခန်းအစီအစဉ်အတွင်း တိုက်မိခဲ့ခြင်ဖြစ်ပြီး ရဟတ်ယာဉ်ပေါ်တွင် အမှုထမ်း ၁၀ ဦးလိုက်ပါလာခဲ့ကြောင်း မလေးရှားရေတပ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မတော်တဆမှုသည် ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မလေးရှားရေတပ်က ပြောသည်။

မလေးရှားရေတပ်က “ ရဟတ်ယာဉ်ပေါ်မှာလိုက်ပါသွားသူအားလုံး သေဆုံးခဲ့တယ်။ အဲဒီရုပ်အလောင်းတွေကို Lumut ရေတပ်အခြေစိုက်စခန်းဆေးရုံကို ပို့ဆောင်ပြီး ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားသွားမယ်။” ဟု ပြောသည်။

မလေးရှားကာကွယ်ရေးဝန်ကြီးက ရေတပ်သုံးရဟတ်ယာဉ်တစ်စီးနှင့် ပြင်သစ်နိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီးတို့သည် ဧပြီ ၂၇ ရက်နေ့တွင်ကျင်းပမည့် မလေးရှားရေတပ်၏ နှစ် ၉၀ ပြည့်စစ်ရေးပြအခမ်းနားအတွက် လေ့ကျင့်ချိန်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။

သေဆုံးခဲ့သူအားလုံးသည် အသက် ၄၀ အောက်အရွယ်များဖြစ်ပြီး၊ မီးလောင်ပျက်စီးမှုများကြောင့် ခန္ဒာကိုယ်များပျက်စီးခဲ့ရကာ လက်ရှိအချိန်တွင် မည်သူမည်ဝါဆိုသောအချက်ကို အတိအကျမခွဲခြားနိုင်သေးကြောင်း မလေးရှားရေတပ်က သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

trtworld.com/asia

မလေးရှားရေတပ်သုံး ရဟတ်ယာဉ်နှစ်စီးတိုက်မိ ရဟတ်ယာဉ်ပေါ်ပါသူအားလုံးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.