မလေးရှားပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၉ ဦးနှင့်အတူ ငါးဖမ်းသင်္ဘောသုံးစင်းကို ဖမ်းဆီးခဲ့ဟု ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့ ဆို

ပီနန်၊ ဇန်နဝါရီ ၂၃

မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းနေသော ငါးဖမ်းလှေသုံးစင်းနှင့်အတူ မြန်မာနိုင်ငံသားအနည်းဆုံး ၁၀ ဦးနီးပါးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပီနန်ရေကြောင်းအာ ဏာပိုင်များအဖွဲ့ (MMEA)က သတင်းထုတ်ပြန်ထားသည်။

ပီနန်ရေကြောင်းအာဏာပိုင်များအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်နေ့က Pulau Kendi အနောက်တောင်ပိုင်းဒေသမှ ရေမိုင် ၁၀ ဒသမ ၅ မိုင်နှင့် ၄၂ မိုင်အကွာအဝေးအတွင်း နိုင်ငံခြားသား များစီမံခန့်ခွဲနေသည့် ငါးဖမ်းလှေသုံးစီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခဲ့သော ငါးဖမ်းလှေများအနက်မှ ပထမဆုံးတစ်စီးနှင့် ဒုတိယတစ်စီးတွင် မြန်မာနိုင်ငံသားများပါဝင်ပြီး၊ တတိယမြောက်ငါးဖမ်းလှေတွင် ထိုင်းနိုင်ငံသားများပါဝင်ကြောင်း သိရသည်။

ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့က ပထမဆုံးဖမ်းဆီးရမိသော ငါးဖမ်းလှေတွင် မြန်မာနိုင်ငံသားလေးဦးနှင့် ဒုတိယမြောက်ငါးဖမ်းလှေတွင် မြန်မာနိုင်ငံသားငါးဦးကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း ပြောသည်။

အဆိုပါဖမ်းဆီးခံရသော ငါးဖမ်းလှေနှင့် မြန်မာနိုင်ငံသားများသည် မလေးရှားရေပိုင်နက်အတွင်း တရားဝင်ငါးဖမ်းခွင့်မရထားသလို၊ တရားဝင်စာရွက်စာတမ်း အထောက်ထားများ လည်းမရှိကြောင်း ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။

ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့က ငါးဖမ်းလှေနှင့် ငါဖမ်းသမားများကို ဖမ်းဆီးနိုင်သည့်အပြင် ၎င်းတို့ဖမ်းဆီးထားသော ပင်လယ်ထွက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ ကြောင်း၊ ဖမ်းဆီးရမိခဲ့သော နိုင်ငံခြားသားငါးဖမ်းသမားအားလုံးကို မလေးရှားရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းယူခြင်း ဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ပြောသည်။

မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့သည် လက်ရှိအချိန်တွင် ဖမ်းဆီးရမိသော ငါးဖမ်းသမားများကို အသေးစိတ်စုံစမ်းစစ်ဆေးနေသလို ငါးဖမ်းလှေများကိုလည်း သိမ်းဆည်းထား ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

nst.com.my/news

မလေးရှားပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၉ ဦးနှင့်အတူ ငါးဖမ်းသင်္ဘောသုံးစင်းကို ဖမ်းဆီးခဲ့ဟု ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.