မလေးရှားနိုင်ငံတွင် ရဲစခန်းများတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးပိုမိုတိုးမြှင့်

ကွာလာလမ်ပူ၊ မေ ၂၀

မလေးရှားနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ရဲစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းမှုများဖြစ်လာခဲ့ပြီးနောက် လုံခြုံရေးကိုအမြင့်ဆုံးတပ်လှန့်ထားရကြောင်း သိရသည်။

မလေးရှားနိုင်ငံသားတစ်ဦးသည် ပီနန်ပြည်နယ်ရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးပမ်းလာခဲ့ပြီးနောက် လုံခြုံရေးကို ယခင်ထက်တိုးမြှင့်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မေလ ၁၇ ရက်နေ့က ဂျိုဟိုးပြည်နယ်ရှိ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်လာခဲ့ပြီးနောက် မေလ ၁၉ ရက်နေ့တွင်လည်း ပီနန်ပြည်နယ်ရှိ ရဲစခန်းကို ပစ်မှတ်ထားတိုက်ခိုက်ရန် ထပ်မံဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ လူအဖွဲ့စည်းအတွင်း မကျေနပ်ချက်များ မြင့်တက်လာနေခြင်းကြောင့် ရဲစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

အသက် ၃၅ နှစ်အရွယ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးသည် မေလ ၁၉ ရက်နေ့တွင် ပီနန်ရဲစခန်းရှိ ရဲတပ်သားထံမှ သေနတ်ကိုဆွဲလုကာ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ခြင်ဖြစ်ကြောင်း သိရ သည်။

မလေးရှားအာဏာပိုင်များသည် နိုင်ငံအတွင်းရှိ အဓိကနေရာများတွင် လုံခြုံရေးတိုးမြှင့်မှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး၊ နိုင်ငံတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသူများကို ဖမ်းဆီးအရေး ယူမည်ဟု သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော မေလ ၁၇ ရက်နေ့ကလည်း အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် ရဲအရာရှိထံမှ သေနတ်ကိုလုယူကာ ရဲအရာရှိတစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

မလေးရှားစုံစမ်းရေးအာဏာပိုင်များက ဂျိုဟိုးပြည်နယ်တွင်ဖြစ်ခဲ့သော အဆိုပါအဖြစ်ပျက်များသည် မလေးရှားနိုင်ငံအခြေစိုက် Jemaah Islamiyah (JI)အဖွဲ့နှင့် ဆက်နွယ်မှုရှိကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မလေးရှားအာဏာပိုင်များသည် ရဲစခန်းများ၊ နိုင်ငံတဝှမ်းရှိ ဝန်ကြီး၊ ဝန်ကြီးချုပ်အိမ်ယာအဆောက်အဦးများ၊ ဘုရင်အိမ်ယာအဆောက်အဦးများတွင် လုံခြုံရေးကိုတိုးမြှင့်ချထားသ လို ထောက်လှမ်းရေးကင်မရာများကိုလည်း ပိုမိုဖြန့်ကြတ်ချထားခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

မလေးရှားနိုင်ငံတွင် ရဲစခန်းများတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးပိုမိုတိုးမြှင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.