ကွာလာလမ်ပူ၊ နိုဝင်ဘာ ၃၀
မလေးရှားနိုင်ငံတွင် ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှုများကို ရင်ဆိုင်နေရပြီး လူပေါင်းထောင်ချီ နေရပ်စွန့် ခွာနေရကြောင်း မလေးရှားအစိုးရက ပြောသည်။
မလေးရှားအစိုးရက မလေးရှားနိုင်ငံအတွင်းရှိ နေရာအများစုတွင် ရေကြီးမှုများဖြစ်ပွားနေပြီး အနည်းဆုံးလူပေါင်း ရှစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ ကြောင်း၊ ရေကြီးမှုကြောင့် အနည်းဆုံးလူ ၃ ဦးသေဆုံးထားကြောင်း ပြောသည်။
မလေးရှားနိုင်ငံတွင် မုတ်သုံရာသီဖြစ်သော အောက်တိုဘာလမှ မတ်လအတွင်း ရေကြီးမှုများဖြစ်ပေါ်လေ့ရှိနေပြီး နိုင်ငံအရှေ့ဘက်ပိုင်း ကမ်းရိုးတန်းဒေသများတွင် အများဆုံးဖြစ် ပွားကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုများဖြစ်လာခဲ့ရာ ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ကီလန်တန်ပြည်နယ်တွင် အဆိုးရွားဆုံးရေကြီးနေကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော ရေကြီးမှုများသည် ၂၀၂၄ ခုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ် ဇာဟစ် ဟာမီဒီက ပြောသည်။
မလေးရှားနိုင်ငံတွင် ၂၀၁၄ ခုနှစ်တုန်းကဖြစ်ပွားခဲ့သော ရေကြီးမှုတွင် လူပေါင်းနှစ်သောင်းခွဲ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။
သို့သော်လည်း လက်ရှိရေကြီးမှုကြောင့် နိုဝင်ဘာ ၂၉ ရက်၊ ညနေပိုင်းအထိ လူပေါင်း ၈၀,၅၈၉ ဦးကို ကယ်ထုတ်ကာ ပြည်နယ် (၇) ပြည်နယ်ရှိ ယာယီနားခိုရာနေရာ ၄၆၇ ခုတွင်ထားရှိကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ်က ပြောသည်။
မလေးရှားအစိုးရသည် ရေကြီးမှုဒဏ်ခံနေရသူများကို ကူညီကယ်တင်ပေးနိုင်ရန်အတွက် အသက်ကယ်လှေများ၊ လေးဘီးကားများ၊ ရဟတ်ယာဉ်များနှင့် လုံခြုံရေးအဖွဲ့ဝင် ၈၂,၀၀၀ ကျော်ကို ဖြန့်ကြတ်စေလွှတ်ထားကြောင်း ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
မလေးရှားနိုင်ငံတွင် ရေကြီးမှုကြောင့် လူပေါင်း ၈၀,၀၀၀ ကျော် နေရပ်စွန့်ခွာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်