မ​လေးရှားတွင် တရားမဝင်မြန်မာလုပ်သား ၉၃ ဦး ဖမ်းဆီးခံရ

ကွာလမ်လာမ်ပူ၊ ဒီဇင်ဘာ ၇

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ အမ်ပန်းဂျာယာရှိ တိုက်ခန်းတစ်ခုကို လူဝင်မှုကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၆ ရက်၊ နံနက်အ​စောပိုင်းက ဝင်ရောက်စီးနင်းရာ တရားမဝင်မြန်မာလုပ်သား ၉၃ ဦးကို ဖမ်းဆီးရမိခဲ့​ကြောင်း Bernama news သတင်းဌာန၏​ဖော်ပြချက်အရ သိရသည်။

အလားတူ တရားမဝင်မြန်မာနိုင်ငံသားအပြင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံသားများလည်း ဖမ်းဆီးရမိခဲ့​ကြောင်း မ​လေးရှားလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်၏ ​ပြောဆိုချက်အရ သိရသည်။

“ တရားမဝင်ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့လူဦး​ရေ ၁၈၉ ဦးကို လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးဌာနက စစ်ဆေးခဲ့ပါတယ်။ တချို့က စစ်ဆင်ရေးအတွင်းမှာ ထွက်ပြေးဖို့ကြိုးစားကြပါတယ်။ မြန်မာနိုင်ငံသားက ၉၃ ဦးပါ။” ဟု မ​လေးရှားနိုင်ငံ​ရောက် မြန်မာနိုင်ငံသားများ ကူညီ​စောင့်​​ရှောက်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူများကို ၁၉၅၉-၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ၁၉၆၆ နိုင်ငံကူးလက်မှတ်အက်ဥပဒေ၊  ၁၉၆၃ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများဥပဒေများကို ဖောက်ဖျက်မှုနှင့် ဆက်လက်စုံစမ်းအရေးယူရန် ဆောင်ရွက်နေ​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ –  Bernama news

မ​လေးရှားတွင် တရားမဝင်မြန်မာလုပ်သား ၉၃ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.