မလေးရှားစက်ရုံတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခံရသည့် အသက် ၁၃ နှစ်နှင့် အသက် ၁၇ နှစ်ကြားရှိ မြန်မာလူငယ်သုံးဦးကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင်

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၇

မလေးရှားရဲတပ်ဖွဲ့သည် လူကုန်ကူးခံထားရသော မြန်မာနိုင်ငံသား လူငယ်သုံး ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံသား လူငယ်သုံးဦးသည် အတင်းအကြပ် အလုပ်ခိုင်းစေခံရ ပြီး အခန်းကျဉ်းထဲတွင် ဆိုးရွားစွာ ရှင်သန်နေထိုင်ခဲ့ရကြောင်း၊ ခွင့်ပြုချက်မရှိ ပါက အပြင်ဘက်ထွက်ခွင့်မရပဲ ပိတ်ပင်တားမြစ်ခံရကြောင်း မလေးရှားရဲတပ် ဖွဲ့က ပြောသည်။

မလေးရှား လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် ဇန်နဝါရီ ၄ ရက်နေ့က Kampung Sungai Buloh အရပ်ဒေသရှိ စက်ရုံကို သွားရောက် စစ်ဆေးချိန်အတွင်း အလုပ်ချိန် နာရီပေါင်းများစွာ လုပ်ကိုင်နေရသည့် မြန်မာ နိုင်ငံသားသုံးဦးကို တွေ့ရှိကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှား လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ ညွန်ကြားရေးမှူးဖြစ်သူ Comm Soffian Santong က “ အသက် ၁၃ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ်ကြားရှိ မြန်မာ နိုင်ငံသား လူငယ်သုံးဦးကို ပြန်ကယ်တင်နိုင်ခဲ့တယ်။ စက်ရုံကိုစီးနင်းချိန်အတွင်း လူပေါင်း ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ အသက် ၂၇ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား ပါဝင်ခဲ့တယ်။ အဲဒီ အိန္ဒိယနိုင်ငံသားဟာ စက်ရုံကို ကြီးကြပ်နေသူဖြစ်ပါတယ်။ အခြားဖမ်းဆီးခံရသူ ၁၀ ဦးဟာ တရားဝင် စာရွက် စာတမ်းအထောက်ထား မပါတဲ့သူတွေဖြစ်ပါတယ်။ အဲဒီ ၁၀ ဦးထဲမှာ ဘင်္ဂလား ဒေရှ့်ငါးဦး၊ အိန္ဒိယနိုင်ငံသားသုံးဦးနဲ့ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်ခဲ့တယ်။” ဟု ပြောသည်။

#ကောင်းထက်ငွေ

thestar.com.my

#ယနေ့ခေတ်

မလေးရှားစက်ရုံတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခံရသည့် အသက် ၁၃ နှစ်နှင့် အသက် ၁၇ နှစ်ကြားရှိ မြန်မာလူငယ်သုံးဦးကို မလေးရှားရဲတပ်ဖွဲ့ ကယ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.