ရန်ကုန်၊ ဇန်နဝါရီ ၁၄
ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၌ လူငယ်တစ်ဦး ဓာတ်တိုင်ပေါ်မှ ဝိုင်ဖိုင်ကြိုးပြုပြင်ရာတွင် ဓာတ်လိုက်၍ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ့ ၃ နာရီဝန်ကျင်ခန့်က မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းတွင် အသက် ၁၈ နှစ်ခန့်ရှိ လူငယ်တစ်ဦး ဓာတ်တိုင်ပေါ်တွင် ဝိုင်ဖိုင်ကြိုး ပြုပြင်ရာက ဓာတ်လိုက်၍ နေရာတွင်သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ကျွန့်တော်တို့အသင်းကို ဖုန်းဆက်အကြောင်းကြားလာလို့ ကျွန်တော်တို့ရောက်တဲ့အချိန်တော့ လူနာကို မြေပြင်ဆေးကုသမှုတော့ အတက်နိုင်ဆုံးလုပ်ပေးပါတယ်။ လူနာက နေရာ မှာတင်ပဲ ဆုံးသွားခဲ့တာပါ။ ကျွန်တို့လည်း ဆေးရုံကိုပို့ပေးပြီး လူကြီးတွေကိုအပ်ခဲ့ပါတယ်။” ဟု ဒေခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြတ်ကုသုလ် လူမှုကယ်ဆယ်ရေး
မရမ်းကုန်းမြိုနယ်၌ လူငယ်တစ်ဦး ဝိုင်ဖိုင်ကြိုးပြုပြင်ရာမှ ဓာတ်လိုက်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်