မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကျင်ပမည်ဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ထားမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂

လာမည့် ဖေဖော်ဝါရီလတွင် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၇၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကျင်းပနေစဉ်အတွင်း လုံခြုံရေးတိုးမြှင့်ချထားသွားမည်ဖြစ်ကြောင်း ရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ မှ သိရသည်။

ရွှေစက်တော်ဘုရားဝန်ကျင်အနီး အချိန်မရွေးတို က်ပွဲဖြစ်သွားနိုင်သည့်အတွက် လာရောက်ခြင်းမပြုရန် သတိပေးတားမြစ်ချက်များရှိနေသည့်အပေါ် ရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ လိုင်းပေါ်မှာတော့ သတင်းတွေတတ်လာတာတွေ့တယ်။ ဒါပေမဲ့ ဘုရားပွဲတော်က လုပ်ဖြစ်ပါတယ်။ လုံခြုံရေးကို သေချာလေးလုပ်ထားတယ်။ ဘုရားဖူးပြည်သူတွေ အနှောင့်အ ယှက်မဖြစ်အောင်ပေါ့။ ဒီလိုပဲ တောင်ပြုန်းပွဲကိုလည်း ဘာဖြစ်တယ် ညာဖြစ်တယ် အသံထွက်လာတာပဲလေ။ ဒါပေမဲ့ ကျင်းပသွားနိုင်တာပဲ။” ဟု ရွှေစက်တော်ရာ ဘုရားဂေါပက အဖွဲ့မှ ဥက္ကဌက ယနေ့ခေတ်သို့ ပြောသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် (၁၃၈၆ ခုနှစ်၊ တပို့ပွဲလဆန်း ၅ ရက်)မှ ဧပြီလ ၁၇ ရက် (၁၃၈၇ ခုနှစ်၊ နှစ်ဆန်း ၁ ရက်)အထိ ၇၅ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာခရီးသွားပြည်သူများ အဆင်ပြေပြေဖူးမြော်နိုင်ရန် တည်းကျောင်းပေါင်း ၆၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဆောက်လုပ်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။              

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၂ ရက်မှ စတင်ကျင်ပမည်ဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ထားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.