မန္တလေး-လားရှိုး လေကြောင်းခရီးစဉ်ကို ကနဦးပြေးဆွဲမည်

ရန်ကုန်၊ မေ ၁၉

လားရှိုးလေဆိပ် ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကနဦးအနေဖြင့် မန္တလေး-လားရှိုး လေကြောင်းခရီးစဉ်ကိုသာ ပျံသန်းမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်းသိရှိရသည်။

မေလ ၁၇ ရက်တွင် လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ ပထမ ဦးဆုံးဆင်းသက်ခဲ့ကြောင်း သိရသည်။

“ လေကြောင်းလိုင်းတွေကတော့ ပြန်ပြေးဆွဲမယ်လို့ ကြေညာထားတယ်။ ရန်ကုန်-လားရှိုးကတော့ မရသေးဘူး။ မန္တလေး-လားရှိုးခရီးစဉ်ပဲရသေးတယ်။ ဘယ်နေ့ပြန်ပြေးဆွဲမလဲဆိုတာကိုတော့ အတိအကျမသိသေးဘူး” ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိုးလေဆိပ်ကို ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရပြီး ၁၈ လအကြာတွင် ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုးကန့်တပ်(MNDAA)မှ လားရှိုးမြို့ကို နစကသို့ ပြန်လည်လွှဲပြောင်းပြီးနောက် လေဆိပ်ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – MOI (ပုံဟောင်း)

#ယနေ့ခေတ်

မန္တလေး-လားရှိုး လေကြောင်းခရီးစဉ်ကို ကနဦးပြေးဆွဲမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.