ရန်ကုန်၊ အောက်တိုဘာ ၂၁
မန္တလေး-လားရှိုးလမ်းမ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့၌ သံဃာတော်တစ်ပါး ကားတိုက်ခံရပြီး ဒဏ်ရာများနှင့် ဆေးရုံတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
အောက်တိုဘာ ၁၉ ရက်၊ ည ၇နာရီခန့်တွင် မန္တလေး-လားရှိုးလမ်းမ ရွှေထိပ်တန်း လက်ဖက်ရည်ဆိုင်ရှေ့တွင် သက်တော် ၈၃ နှစ်ရှိ သံဃာတော့တစ်ပါး လမ်းဖြတ်ကူးရာ ကားက ဝင်တိုက်ခဲ့ပြီး ထွက်ပြေသွားကြောင်း သုတိတာ လူမှုကူညီရေးအသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ကို ရဲကင်းကခေါ်လို့သွားတာ။ ဘုန်းကြီးနေတဲ့ကျောင်းကတော့ ပြင်ဦးလွင်မြို့ထဲကကျောင်းလို့တော့ သိရတယ်။ ကျောင်းနာမည်တော့မသိဘူး။ ဘုန်ကြီးက သက် တော်က ၈၃ နှစ်ရှိပြီဗျ။ တိုက်သွားတဲ့ကားကလည်း ထွက် ပြေးသွားတယ်။ ဘုန်းကြီးက ဆေးရုံရောက်မှ ပျံလွန်တော်မှုတာ။” ဟု သုတိတာ လူမှုကူညီရေးအသင်းဝင်တစ်ဦးမှ ယနေ့ခေတ်သို့ ပြောသည်။
သက်တော် ၈၃ နှစ်ရှိပြီး ပျံလွန်တော်မှုသွားသည် သံဃာတော်အား သုတိတာ လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လည် ၂ နာရီခန့်ကလည်း သံဖြူဇရပ်မြို့နယ်၊ စုပေါင်းရုံးရှေ့တွင် လမ်းလယ်တွင်ချထားသည့် တိုင်ကီကို ဆိုင်ကယ်ကဝင်တိုက်မိရာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလာသည့် ကလေးအား တွဲကားကဝင်တိုက်မိရာ ကလေးတစ်ဦးမှာ အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- သုတိတာ လူမှုကူညီရေးအသင်း
မန္တလေး-လားရှိုးလမ်းမတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရပြီး ပျံလွန်တော်မှု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်