မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရကြောင်း ဒေသခံများ ၏ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်၊ (ယနေ့)နေ့လယ် ၂ နာရီအချိန်က အမည်မသိအမျိုးသားတစ်ယောက် ဘဏ်အတွင်းသို့ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၁၁၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

“ အခုထိတော့ ကျူးလွန်သူကိုမမိသေးဘူး။ လိုက်ပြီးရှာနေကြတယ်။ ရဲတွေလည်း စစ်ဆေးမေးမြန်းနေတယ်။ သူက ဒါနဲ့ဆိုရင်နှစ်ခါရှိပြီ။ ဓားပြတိုက်ခံရတာ။” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုဓားပြတိုက်ခံရသည့် ကမ္ဘောဇဘဏ်ခွဲ(၃၇)သည် ပြီးခဲ့သည့်ဇန်နဝါရီ ၁၁ ရက်ကလည်း အမည်မသိအမျိုးသားတစ်ဦးက လက်လုပ်ပစ္စတိုသေနတ်ဖြင့် ဓားပြဝင်တိုက်ခံခဲ့ရပြီး ဘဏ်ဝန်ထမ်းများနှင့် အနီးနားရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CCTV

#ယနေ့ခေတ်

မန္တလေးရှိ ကမ္ဘောဇဘဏ်ခွဲ(၃၇) ဒုတိယအကြိမ် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.