မန္တလေး၊ အောက်တိုဘာ ၃၀
မန္တလေးတိုင်း၊ ၈၄ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြားရှိ ပေါ်ဦးရွှေဆိုင်တွင် အောက်တိုဘာ ၃၀ ရက်၊ နံနက် ၉ နာရီက ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦး ရောက်ရှိလာပြီး သေနတ်ဖောက်ကာ ငွေသားများကို ပီနံအိတ်နှစ်လုံးဖြင့်ထုတ်၍ လုယက်သယ်ဆောင်သွားကြောင်း ပေါ်ဦးရွှေဆိုင် အရောင်းတာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ဆိုင်ဖွင့်နေချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်ရောက်လာပြီး သေနတ်ပစ်ဖောက်တယ်။ ရွှေမယူဘဲ ငွေသားတွေကို ပီနံအိတ်နှစ်လုံးနဲ့ ယူသွားတာဖြစ်တယ်။” ဟု ပေါ်ဦးရွှေဆိုင် အရောင်းတာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ဓားပြတိုက်ခံရသည့် နေရာအနီးတွင် ရွာဟိုင်းစျေးခေါ် မန်းမြို့စျေးရှိပြီး တခြားရွှေဆိုင်များလည်း အများအပြားတည်ရှိပြီး ပေါ်ဦးရွှေဆိုင် ဓားပြတိုက်မှုဖြစ်ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်အတွင်းရှိ CCTV မှတ်တမ်းများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့နယ်တွင် လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုများ ယခု ၂၀၂၃ ခုနှစ်တွင် ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်မှု နည်းပါးသေးကြောင်း ဒေသခံများက ဆိုသည်။
မြင့်မြတ်အောင်မြင်
မန္တလေးမြို့နယ် ၈၄ လမ်းရှိ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေသားများကို ပီနံအိတ်နှစ်လုံးဖြင့် လုယက်သယ်ဆောင်သွား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်