ရန်ကုန်၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်က အမရပူရမြို့နယ်၊ ထုံးဘုံမြစ်ငယ်လမ်းတွင် အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးနေကာ၊ ယာဉ်မောင်းမှာ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ ကျွန်တော်တို့အထင်တော့ ညထဲကသေနေတာဖြစ်မယ်။ တစ်ကိုယ်လုံးလည်း အေးစက်နေတာ။ သူမှာရှိတဲ့ဒဏ်ရာတွေက ကားတိုက်ခံထားရတာလို့ ယာဉ်ထိန်းရဲက ယူဆတယ်။ ကားရဲ့ဘက်မှန်နဲ့ မှန်ကွဲစတွေကလည်း သေဆုံးသူအနားမှာတွေ့တယ်။ ကားကတော့ တိုက်ပြီးထွက်ပြေးသွားပုံပဲ။ သေဆုံးသူရဲ့ မိသားစုနဲ့တော့ အဆက်သွယ်မရသေးပါဘူး။” ဟု ဒေသခံလူကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်များနှင့်သေဆုံးနေသည့် အမျိုးသား၏ရုပ်အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်း
ယနေ့ခေတ်
မန္တလေးမြို့တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်