မန္တလေး၊ မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ မြနန္ဒလမ်းနှင့် စစ်ကိုင်း-မန္တလေးကားလမ်းကြား မြဝတီဘဏ်ခွဲကို မေ ၂၁ ရက်၊ နံနက် ၁၁ နာရီက ဗုံးပစ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။
အဆိုပါ မြဝတီဘဏ်ခွဲကို အမည်မသိလူနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးနှင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ဘဏ်ရှေ့သို့ကျရောက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ အမည်မသိလူနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ မြဝတီဘဏ်ခွဲကို ဗုံးတစ်လုံးနဲ့ ပစ်ပေါက်သွားတာပါ၊ ဗုံးက မြဝတီဘဏ်ခွဲရှေ့ကျပြီး ပေါက်ကွဲသွားခဲ့တယ်။ ခဏနေတော့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ စိုးထိတ်စရာပါ။” ဟု ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် မြဝတီဘဏ်ရှိ Sunshade နှင့် ဘဏ်အတွင်းရှိ လေကာမှန်တို့ထိပြီး မှန်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
မန္တလေးတွင် မြဝတီဘဏ်ခွဲ ဗုံးပစ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်