မန္တ​လေးတိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်း​ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ မန္တလေးတိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်းတွင် ဇန်နဝါရီ ၁၀ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

တိုင်းအကူရဲတက်ဖွဲ့ ဝန်ထမ်းလိုင်းခန်းက ​လေးခန်းတွဲသွပ်မိုး၊ ပျဥ်ကာနှစ်​ဆောင်၊ အခန်းရှစ်ခန်းစလုံး မီး​လောင်ပျက်စီးခဲ့​ကြောင်း သိရသည်။

“ ဝန်ထမ်းလိုင်းခန်းမှာ မီး​လောင်မှုဖြစ်တာ မှန်ပါတယ်။ ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ မီး​လောင်တဲ့ဖြစ်စဥ်ကို​တော့ စိစစ်​နေဆဲပါ။ နာရီဝက်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။” ဟု မန္တ​လေးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မီးလောင်မှုဖြစ်စဥ်ကို မီးသတ်ဦးစီးဌာနက Level-1 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်တွက်ချက်နေဆဲဖြစ်​ကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

မန္တ​လေးတိုင်းအကူရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်းခန်း မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.