မန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၅၀၀ အောက်ကားများ ပုံမှန်ဝယ်ရောင်းရှိ

မန္တလေး၊ ဒီဇင်ဘာ ၂

မန္တလေးမြို့၊ ကားဈေးကွက်အတွင်း မော်ဒယ်မြင့် ဘယ်မောင်းကားနှင့် တန်ဖိုးမြင့်ကားများ အရောင်းအဝယ်အေးနေပြီး သိန်း ၅၀၀ အောက်ကားများ အရောင်းအဝယ်ပုံမှန်ရှိ ကြောင်း မန္တလေးမြို့၊ လမ်း ၆၀ ကားဝိုင်းအတွင်းမှ သိရသည်။

“ဈေးနှုန်းအသင့်အတင့်ရှိတဲ့ ကားအမျိုးအစားတွေတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။” ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD ကားဈေးနှုန်းများသည် ယခင်က ငွေကျပ်သိန်း ၁၀၀၀ ခန့်ရှိရာမှ ယခုအခါ ဈေးနှုန်းများကျဆင်းလာကြောင်း သိရသည်။

“ငွေကျပ်သိန်း ၅၀၀ ဈေးတန်းအောက် MDY လိုင်စင်ကားဟောင်းတွေတော့ အရောင်းအဝယ် ပုံမှန်လေးရှိပါတယ်။” ဟု ၎င်းက ဆိုသည်။

မန္တလေးအကြိုက် Honda Fit ၊ Honda Insight ၊ Toyota Vitz ၊ Mazda Demio ၊ Toyota Wish စသည့်ကားများ ပို၍အရောင်းအဝယ်ဖြစ်နေပြီး Wish အမျိုးအစားများတွင် သိန်း ၃၅၀ ခန့် ဈေးတန်းရှိကားများ အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။

“နံပါတ်ထွက်ပြီးသား Alphard ၊ Kluger ၊ ရွှေငါး Mark 2 တွေလည်း အရောင်းအဝယ်ကောင်းကြပါတယ်။” ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူက ဆက်ပြောသည်။

စလစ်ဈေးနှုန်းများအနေဖြင့် သက်တမ်းနှစ် ၂၀ အမည်ပေါက်စလစ် ငွေကျပ် ၁၂၅ သိန်း၊ စလစ်အပ်ကား ငွေကျပ် ၁၁၅ သိန်း၊ တိုက်ကြေစလစ် ငွေကျပ်သိန်း ၁၁၀၊ တက္ကစီစလစ် ငွေကျပ်သိန်း ၁၂၀ ခန့် ဈေးပေါက်နေကြောင်း မန္တလေးကားဈေးကွက်မှ သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၅၀၀ အောက်ကားများ ပုံမှန်ဝယ်ရောင်းရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.