ရန်ကုန်၊ မတ်လ ၃
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာထားပြီး တဆက်တည်းပိတ်ပေးထားခဲ့သည့် ကြားရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန်သတ်မှတ်ကြောင်း သက်ဆိုင်ရာမှထုတ်ပြန်သည်။
အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်) အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင် မုန်းလပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)အဖြစ်လည်းကောင်း သတ်မှတ်ထားသည်။
အထက်ပါ ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ ပထမရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက် (စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုးရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
မတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်