မတ္တရာမြို့နယ်မှ ပြည်သူ့စစ်တာဝန်ခံဆိုသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာ၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာတာဝန်ခံ ပြည်သူစစ်အဖွဲ့ဝင်ဆိုသူ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ ယမန်နေ့က သေနတ်ဖြင့်ပစ်ခတ်ခံ ရပြီး သေဆုံးသွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၀ ရက်၊ ယမန်နေ့က မန္တလေး-မိုးကုတ်ကားလမ်းပေါ် မိုင်တိုင်အမှတ် ၁၄/၃ ကြားတွင် အသင့်စောင့်နေသည့် သေနတ်သမားများက ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း သိ ရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူနှစ်ဦးသည် ရွှေချောင်းကျေးရွာတာဝန်ခံ ပြည်သူစစ်အဖွဲ့ဝင်ဆိုသူ အသက် ၅၀ ကျော်အရွယ် ဦးဝင်းဝင်းနှင့် အသက် ၂၈ အရွယ် ခယ်မတော်စပ်သူ ခင်သူဇာဝင်းတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ မနေ့က ပစ်ခံရတာ။ ဘယ်ကနေ ပြန်လာတာလည်းမသိဘူး။ စစ်သားတွေ ကားတွေနဲ့ လာစစ်ဆေးတာတွေ့တော့မှ သိရတာ။ ၂ ယောက်လုံး တစ်ခါတည်း သေဆုံးသွားတယ်။ ရဲတွေလာစစ်ဆေးတော့ အသင့်စောင့်နေတဲ့ သေနတ်သမားတွေက လုပ်သွားတာတဲ့ ဦးဝင်းဝင်းက တာဝန်ရှိသူတွေနဲ့ ရင်းနှီးတယ်။ ပြည်သူ့စစ်တာဝန်ခံလို့လည်း သိရတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ရုပ်အလောင်းများအား တာဝန်ရှိသူများက လာရောက်သယ်ဆောင်သွားပြီး မန္တလေး-မိုးကုတ် ကားလမ်းဘေးတွင်ရှိသည့် နေအိမ်များအား တာဝန်ရှိသူများက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်၊ မနက်ပိုင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့ နယ်၊ ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ထန်းပင်ကုန်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ ပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။

ဝဏ္

#ယနေ့ခေတ်

မတ္တရာမြို့နယ်မှ ပြည်သူ့စစ်တာဝန်ခံဆိုသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.