မတ္တရာမြို့နယ်တွင် လေပြင်းတိုက် သစ်ပင်ပိကာ အဘွားအိုတစ်ဦးသေဆုံးပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၈

မန္တလေးတိုင်း​ဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဧပြီ ၇ ရက်၊ ည ၇ နာရီက လေပြင်းတိုက်ခိုက်မှု​ကြောင့် သစ်ပင်ပိကာ အဘွားအိုတစ်ဦးသေဆုံးပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း မေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့​ ပြောသည်။

မတ္တရာမြို့နယ်၊ မင်းကန်ကျေးရွာအနောက်ဘက် ရွှေတချောင်းဘောင်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အရှည် ၄၀ ပေခန့်၊ လုံးပတ် ၁၀ ပေခန့်ရှိ လက်ပံပင်လဲပြိုကာ ၎င်းနေရာအနီး ကျူးကျော်တဲအိမ်သုံးအိမ် သစ်ပင်လဲပြိုပိမိခဲ့​​ကြောင်း သိရသည်။

​လေပြင်းတိုပ်ခိုက်မှု​ဖြစ်စဉ်အတွင်း အသက် ၆၅ နှစ်ရွယ် အဖွားအိုတစ်ဦး ဦးခေါင်းထိခိုက်သေဆုံးခဲ့ပြီး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

နွမ်းပါးလူနာများဖြစ်ပြီး နေအိမ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက်၊ ဆေးကုသရန်နှင့် နာရေးပြုလုပ်ရန်အတွက် မိတ်ဆွေများတက်နိုင်သည်ဘက်မှ ကူညီလှူဒါန်းပေးကြရန် လှိုင်းမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့က မေတ္တာရပ်ခံထား​ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

ဓာတ်ပုံ- CJ

မတ္တရာမြို့နယ်တွင် လေပြင်းတိုက် သစ်ပင်ပိကာ အဘွားအိုတစ်ဦးသေဆုံးပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.