အင်ဖာ၊ မေ ၁၄
မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းသို တရားမဝင် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိခဲ့ပြီး၊ ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာနေထိုင်သူများ ခိုလှုရေးစခန်း ၈ ခုတွင် နေထိုင်နေကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။
မဏိပူရပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၅၈၀၁ ဦးသည် တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိကြောင်း၊ ၎င်းတိုထဲမှ ၁၅ ဦးက သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ပြီး၊ အခြား ၃၅၉ ဦးကို မြန်မာနိုင်ငံသိုပြန်ပိုခဲ့ကြောင်း ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းက ပြောသည်။
ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာနေထိုင်နေသူများစခန်း ၈ ခုတွင် မြန်မာနိုင်ငံသား ၅၄၅၇ ဦးနေထိုင်နေဆဲဖြစ်ပြီး၊ အများစုက မိုးရာသီကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပြန် လည်လုပ်ကိုင်ရန် မိခင်နိုင်ငံသိုပြန်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
မဏိပူရပြည်နယ် အာဏာပိုင်များသည် နေရပ်စွန့်ခွာနေထိုင်နေသူများစခန်းများတွင် နေထိုင်နေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်းသိရှိစေရန် ကတ်များထုတ်ပေးထားသလို အခြားလိုအပ်သော ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ထားကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
မဏိပူရပြည်နယ် ကန်ဂျွန်ဒေသ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ရဲတပ်ဖွဲတိုသည် မြန်မာနိုင်ငံသားများကို biometric registration ပြုလုပ်ပေးခြင်း၊ လုံခြုံရေးနှင့် အခြားလိုအပ်သော လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများအပါအဝင် လိုအပ်သောအရာများကို စီမံဆောင်ရွက်ပေးထားကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
သိုသော်လည်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏အခြေနေများ တိုးတက်ကောင်းမွန်မည်ဆိုလျှင် ၎င်းတိုပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်နယ်အတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို biometric registration ပြုလုပ်ပေးခြင်းများ စတင်လုပ်ဆောင်နေကြောင်း ပြောသည်။
ကောင်းထက်ငွေ
indiawest.com
မဏိပူပြည်နယ်အတွင်းသို တရားမဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိဟု ပြည်နယ်ဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်