မ​စောတံတားကို သံ​ဘေလီတံတားအဖြစ် ခင်းကျင်းပြီးစီး၊ ​စမ်းသပ်မောင်းနှင်ခွင့်ပြု

ရန်ကုန်၊ ဇွန် ၃

မွန်ပြည်နယ်၊ ဘီးမြို့နယ်နှင့် သထုံမြို့ကြား ရန်ကုန်-​​မော်လမြိုင်အမြန်လမ်းရှိ မ​စောတံတားကို သံ​ဘေလီတံတားအဖြစ် အစားထိုးခင်းကျင်းမှုပြီးစီး၍ ဇွန် ၂ ရက်၊ မွန်းလွဲ ၃ နာရီက စတင်ပြီး စမ်းသက်​မောင်းနှင်ခွင့်ပြုလိုက်​ကြောင်း သိရသည်။

“ မ​​စောတံတားကို သံ​ဘေလီတံတား ခင်းကျင်းပြီးစီးလို့ ဒီ​နေ့စတင် စမ်းသက်​မောင်းနှင်ခွင့်ပြု​ပေးလိုက်ပါတယ်။ အဓိက ဒီတံတားကိုအားကိုးပြီး ကုန်စည်စီးဆင်း​နေရတာပါ။” ဟု ဘီးလင်းလမ်းတံတား​ဆောက်လုပ်​ရေးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ မ​စောတံတားကို သံ​ဘေလီတံတား အစားထိုးပြင်ဆင်မှုပြီးပြီးချင်း ခရီးသည်ယာဥ်များနှင့် ကုန်တင်ယာဥ်များကို ဦးစား​ပေးဖြတ်သန်းခွင့်ပြု​ပေးခဲ့​ကြောင်း သိရသည်။

မစောတံတား မိုင်းခွဲခံရပြီးနောက် ကားကြီးများဖြတ်သန်းသွားလာနိုင်ရန်အတွက် ယာယီမြေသားလမ်းလွှဲကို ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မစောတံတား၏ မြေသားလမ်းလွှဲကမောင်းနိုင်ဖို့ တစ်ဖက်ကို နာရီဝက်စီ အလှည့်ကျလွှတ်ပေး​ခြင်းကို ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မ​စောတံတားကို ​မေလ ၂၃ ရက်၊ နံနက် ၅ နာရီက မိုင်းခွဲခံရပြီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အရှည်ပေ ၁၀၀ ကျော်နှင့် အကျယ် ၂၄ ပေရှိ မစောတံတားသည် အောက်ခြေပိုင်းမှ မိုင်းခွဲခံရခြင်းကြောင့် တံတားတစ်ခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ​ဘီးလင်းမြို့နယ်​ တံတားဆောက်လုပ်​ရေး

မ​စောတံတားကို သံ​ဘေလီတံတားအဖြစ် ခင်းကျင်းပြီးစီး၊ ​စမ်းသပ်မောင်းနှင်ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.