မင်္ဂလာဒုံမြို့နယ်တွင် ကားတိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါ ၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အိမ်စီးကားနှင့် ခြောက်ဘီးကားတို့ မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့ခြင်းကြောင့် အိမ်စီးကားပေါ်မှ အမျိုးသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၂ နာရီ မိနစ် ၄၀ ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းတွင် မြောက်ဥက္ကလာမှ ထောက်ကြန့်ဘက်သို့မောင်းနှင်လာသည့် ခြောက်ဘီးကားနှင့် ထောက်ကြန့်မှ မြောက်ဥက္ကလာဘက်သို့ မောင်းနှင်လာသည့် CROWN အနက်ရောင် အိမ်စီးကားတို့ မျက်နှာချင်ဆိုင်ဝင်တိုက်ခဲ့ခြင်းကြောင့် အိမ်စီးကားပေါ်မှ အသက် ၃၉ နှစ်ရှိ အမျိုးသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ခြောက်ဘီးကားပေါ်မှ ယာဉ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။

“ကားနှစ်စီးက အိုးအိမ်မှတ်တိုင်နားမှာ မျက်နှာချင်းဆိုင်ဝင်တိုက်တာပါ။ အိမ်စီးကားပေါ်က အမျိုးသားကတော့ ဒဏ်တွေနဲ့ အခင်းဖြစ်တဲ့နေရာမှာတင် ဆုံးသွားပါတယ်။ ကုန်တင်ကားပေါ်က အမျိုးသားနှစ်ဦးကတော့ ထွက်ပြေးသွားပါတယ်။ အမှတ် ၁၄၉ ၊ ခေတ္တာလမ်း၊ မြရတနာရပ်ကွက်မှာနေထိုင်တယ်လို့ သိရပါတယ်။ ကားတိုက်မှုနဲ့ပက်သက်ပြီး သက်ဆိုင်ရာရဲစခန်းမှာလည်း အမှုဖွင့်ထားပြီး စုံစမ်းနေပါတယ်။” ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသွားသူ ဟန်ဝင်းအောင်၊ အသက် ၃၉ နှစ်၏ ရုပ်အလောင်းကို ထာဝရအလင်းတန်း သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-မင်္ဂလာဒုံမီးသတ်

ယနေ့ခေတ်

မင်္ဂလာဒုံမြို့နယ်တွင် ကားတိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.