မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ဖြူးကွင်ကျေးရွာတွင်နေထိုင်သည့် ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာကြီး(ခ)ခင်ထွန်းထွန်းလွင်သည် မင်းလှဘက်သို့ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာတောင်ဘက်ထိပ်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဦးခေါင်းကိုပစ်ခတ်ခံရတာ။ သေနတ်သမားတွေက ဆိုင်ကယ်တစီးရယ်၊ ဖုန်းနှစ်လုံး၊ ပိုက်ဆံ ၄ သိန်း၊ လွယ်အိတ်တစ်လုံးပါယူသွားတယ်။” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ အုတ်ဖို၊ ပေါက်ခေါင်း၊ မင်းလှမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ ဦးအထိ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ- ဒေသခံတစ်ဦး

#ယနေ့ခေတ်

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.