မင်းပြား၌ စစ်ဘေးရှောင်များ ခိုလုံရာအနီးတွင် လက်နက်ကြီးကျည်များကျ၍ ထပ်မံထွက်ပြေးတိမ်းရှောင်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မင်းပြား၌ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြင်းထန်နေသဖြင့် စစ်ဘေးရှောင်နေသည့်အရပ်မှ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က မင်းပြားမြို့အား လေကြောင်းတိုက်ခိုက်ပစ်ခတ်မှု အပြင်းအထန်ပြုလုပ်ခဲ့ပြီး၊ ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမျာလည်း ရှိခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မင်းပြားမြို့နယ်၏ င/တန်းပျင်းကျေးရွာ၌ နေ့လယ်မှစတင်ကာ ညအချိန်အထိ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများမှာ ဆက်တိုက်ဖြစ်နေခြင်းကြောင့် မင်းပြားမြို့၊ ဥက္ကာပျံဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ဘေး လွတ်ရာသို့ ထပ်မံတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ ဥက္ကာပျံဘုန်းကြီးကျောင်းမှာ ခိုလုံနေသော ဒုက္ခသည်တွေကို ၁၇ ရက်နေ့၊ နေ့ခင်း ၁ နာရီက ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားပါတယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်မိပါတယ်။” ဟု ဒေသခံဘုန်းတော်ကြီးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

မင်းပြားမြို့၌ ဇန်နဝါရီ ၁၆ ရက်တွင် လေကြောင်းမှ ဗုံးများဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်အရင်းအမြစ်များမှ သိရသည်။

ယမန်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခြင်းများရှိခဲ့ပြီး၊ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းပြတ်တောက်နေသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေအား မသိရှိရသေးပေ။

#ဂျူဂျူး

ဓာတ်ပုံ-စီဂျေ

#ယနေ့ခေတ်

မင်းပြား၌ စစ်ဘေးရှောင်များ ခိုလုံရာအနီးတွင် လက်နက်ကြီးကျည်များကျ၍ ထပ်မံထွက်ပြေးတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.