မကွေးတွင် ချိုချိုရတနာရွှေဆိုင် ​ရွှေ ၅၀ ကျပ်သားခန့် ဓားပြတိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မကွေးမြို့၊ မြင်သာရပ်ကွက်၊ ရန်ပယ်စျေးရှိ ချိုချိုရတနာ​ရွှေဆိုင်ကို အမည်မသိသူနှစ်ဦးက ​ရွှေ ၅၀ ကျပ်သားခန့် ဓားပြတိုက်သွား​ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြင်သာရပ်ကွက်၊ ရန်ပယ်စျေးတွင် နိုဝင်ဘာ ၂၈ ရက်၊ မွန်းလွဲ နာရီက အမည်မသိလူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာပြီး ချိုချိုရတနာ​ရွှေဆိုင်ပိုင်ရှင်အား သေနတ်နှင့်ပစ်ခတ်ကာ ရွှေ ၅၀ ကျပ်သားခန့်ကို ဓားပြတိုက်သွားကြောင်း သိရသည်။

“ ချိုချိုရတနာ​ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်တာ ကျည်ဆံက ပါးကိုရှပ်ပြီးမှန်သွားတယ်။ မကွေးမြို့နယ်မှာ အခုလိုလုယက်ဓားပြတိုက်ခြင်း မရှိခဲ့ဖူးပါဘူး။ အခုဖြစ်စဉ်က ပထမဆုံးအကြိမ်ပါပဲ။” ဟု ချိုချိုရတနာ​ရွှေဆိုင် မိသားစုဝင်တစ်ဦးက ယ​နေ့​​ခေတ်သို့ ​​ပြောသည်။

ချိုချိုရတနာ​ရွှေဆိုင်အား လုယက်ဓားပြတိုက်သူများကို အမြန်ဆုံးဖမ်းဆီးရရှိ​ရေးအတွက် လုံခြုံ​ရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

မကွေးတွင် ချိုချိုရတနာရွှေဆိုင် ​ရွှေ ၅၀ ကျပ်သားခန့် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.