မက္ကဆီကို၊ ဇွန် ၄
မက္ကဆီကိုနိုင်ငံသည် ကလော်ဒီယာ ရှိန်ဘာအမ်အမည်ရှိ အမျိုးသမီးကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရ သည်။
အာဏာရပါတီဖြစ်သော မိုရီနာပါတီသည် ပြီးခဲ့သောရက်ပိုင်းကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ရှိန်ဘာအမ်ကို နိုင်ငံသမိုင်းတစ်လျှောက် အမျိုးသမီးသမ္မတတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ပါတီသည် ပြီးခဲ့သောရက်ပိုင်းကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၆၀ ဒသမ ၇ ရာခိုင်နှုန်းနီးပါးရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်က ကလော်ဒီယာ ရှိန်ဘာအမ်ဦးဆောင်သော မိုရီနာပါတီသည်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေါင်း ၆၀ ရာခိုင်နှုန်းနှင့် ၆၁ ဒသမ ၅ ရာခိုင်နှုန်းကြားရရှိခဲ့ကြောင်း ပြောသည်။ ထိုအပြင် ရှိန်ဘာအမ်သည် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၆၀ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။
၎င်းက “ မက္ကဆီကိုနိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမျိုးသမီးသမ္မတအဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ခံရလို့ ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်မတို့အစိုးရအဖွဲ့ရဲ့တာဝန်ဟာ မက္ကဆီကိုနိုင်ငံသားတိုင်းအတွက်ဖြစ်တယ်။ နိုင်ငံဖွံ့ဖြိုးဖို့ ၊ ဒီမိုကရေစီမြှင့်တင်ဖို့ နဲ့ တရားမျှတမှုတွေ ပိုမိုရရှိအောင်လုပ်ဆောင်ဖို့ ဖြစ်တယ်။” ဟု ပြောသည်။
ရာထူးမှထွက်ရမည့် သမ္မတကလည်း ရှိန်ဘာအမ် သမ္မတအဖြစ်ရွေးချယ်ခံရခြင်းကို ဂုဏ်ယူကြောင်း၊ နိုင်ငံအတွက် အရေးကြီးသောအပြောင်းအလဲများ စတင်လာနေပြီဖြစ်ကြောင်း ပြောသည်။
ကောင်းထက်ငွေ
bbc.com/news
မက္ကဆီကိုနိုင်ငံတွင် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အမျိုးသမီးတစ်ဦးကို သမ္မတအဖြစ်ပထမဆုံးအကြိမ်ရွေးချယ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်